မန်စီးတီးနဲ့ပွဲမတိုင်ခင် ခံစစ်ပိုင်းဒဏ်ရာထိုးနှက်ချက်တွေနဲ့ မန်ယူနိုက်တက် ကြုံတွေ့နေရ

0

မန်ယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းနဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မတိုင်ခင် ခံစစ်ပိုင်းဒဏ်ရာထိုးနှက်ချက်တွေနဲ့ ကြုံတွေ့နေရတယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ရာသီကြိုခြေစမ်းပွဲစဉ်မှာကတည်းက ကစားသမားတွေရဲ့ဒဏ်ရာထိုးနှက်ချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး မန်စီးတီးအသင်းနဲ့ပွဲစဉ်မှာ နောက်ခံလူ(၄)ဦးအထိ လွဲချော်ဖွယ်ရှိနေတာပါ။

မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာရရှိခဲ့တဲ့ဒဏ်ရာတွေကြောင့် နောက်ခံလူသစ်ယိုရိုကို (၃)လ၊တိုက်စစ်မှူး ဟွိုက်လန်းကို (၆)ပတ်ကြာဆုံးရှုံးရမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ နောက်ခံလူတွေဖြစ်တဲ့ မက်ဂွဲယားနဲ့ လုပ်ခ်ရှောတို့ဟာ ကြံ့ခိုင်မှုမပြည့်ဝတာကြောင့် မန်စီးတီးအသင်းနဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်ကို လွဲချော်နိုင်တယ်လို့ မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က မီဒီယာသမားတွေနဲ့တွေ့ဆုံချိန်ဆိုခဲ့တာပါ။

အဲရစ်တန်ဟတ်က “မက်ဂွဲယားက မန်စီးတီးနဲ့ပွဲ ပါဝင်နိုင်မလားဆိုတာ မေးခွန်းထုတ်စရာအဖြစ်ရှိနေပါတယ်။ သူဟာ လေ့ကျင့်မှုတွေပြုလုပ်နေပေမယ့် ကြံ့ခိုင်မှုပြည့်ဝမှုရှိ၊မရှိကြည့်ရမှာပါ။ လင်ဒီလော့ဖ်၊ဝမ်ဘစ်ဆာကာနဲ့ လုပ်ခ်ရှောတို့လည်း မေးခွန်းထုတ်စရာအဖြစ်ရှိနေပါတယ်။ သူတို့အခြေအနေကို အကဲဖြတ်မှုပြုလုပ်ရမယ်”လို့ ဆိုခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ နောက်ခံလူတွေခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပေမယ့် လက်ရှိအချိန်ထိ သဘောတူညီမှုမရရှိသေးတာပါ။ မန်ယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းနဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်ပြီးရင် ရာသီသစ်ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ သြဂုတ်(၁၆)ရက်မှာ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *