လေ့ကျင့်မှုပြုလုပ်ချိန်အတွင်း ရခဲ့တဲ့ ဒဏ်ရာကြောင့် ဥရောပစူပါဖလားပွဲကို ကာမာဗင်ဂါ လွဲချော်ဖွယ်ရှိ

0

ပြင်သစ်ကွင်းလယ်လူ ကာမာဗင်ဂါဟာ ဒီနေ့ကစားမယ့် အတ္တလန်တာအသင်းနဲ့ ဥရောပစူပါဖလားပွဲစဉ်မတိုင်ခင် ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ဒူးဒဏ်ရာရရှိသွားခဲ့တာကြောင့် ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် လွဲချော်ဖွယ်ရှိနေပါတယ်။

ကာမာဗင်ဂါဟာ လေ့ကျင့်ခန်းအစီအစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းဖော် ချူအာမန်နီကို ဘောလုံးကျော်ဖြတ်ဖို့ကြိုးစားခဲ့ရာမှာ ချော်ပြီး ဒဏ်ရာရရှိသွားခဲ့တာပါ။

ကာမာဗင်ဂါဟာ နာကျင်မှုကြောင့် အော်ဟစ်နေခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းဖော်တွေက သူ့ကို ဝိုင်းပြီးနှစ်သိမ့်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ကာမာဗင်ဂါဟာ ကွင်းအတွင်းကုသမှုခံယူပြီးနောက် ဘယ်သူ့အကူအညီကိုမှမယူဘဲ ကွင်းပြင်ကို ထွက်ခွာသွားခဲ့တာပါတယ်။ ကာမာဗင်ဂါရဲ့ဒဏ်ရာအခြေအနေကိုသိရဖို့ ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းက‌‌တော့ ကာမာဗင်ဂါ အတွင်းပိုင်းအရွတ်ထိခိုက်သွားမှာကို စိုးရိမ်နေတာပါ။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ဂိုးသမား ကော်တိုအာ၊နောက်ခံလူ မီလီတာအိုတို့ကို ဒဏ်ရာကြောင့် ကာလရှည်ကြာဆုံးရှုံးခဲ့ရပြီး နောက်ခံလူ အလာဘာကတော့ အခုအချိန်ထိ ပွဲကစားနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။

၂၀၂၁ နွေရာသီက ရန်းစ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ကာမာဗင်ဂါဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် (၁၄၅)ပွဲကစားထားပြီး ချန်ပီယံလိဂ်နဲ့ လာလီဂါဖလား(၂)ကြိမ်စီအပါအဝင် ဆုဖလားတွေရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *