ဖီအိုရမ်တီးနားနဲ့ စာချုပ်ချုပ်ဆိုဖို့ ဒီဟေးယား သဘောတူညီမှုရရှိခဲ့တယ်လို့ သတင်းထွက်နေ

0

မန်ယူနိုက်တက်အသင်းဂိုးသမားဟောင်း ဒီဟေးယားဟာ စီးရီးအေကလပ် ဖီအိုရမ်တီးနားအသင်းနဲ့(၁)နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမန်နိုက ဖော်ပြထားပါတယ်။

မန်ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီးနောက် (၁)နှစ်ကျော်ကြာ အသင်းလက်မဲ့ဖြစ်နေခဲ့တဲ့ ဒီဟေးယားဟာ ဖီအိုရမ်တီးနားအသင်းထံ ပြောင်းရွှေ့ပြီး အသင်းသစ်ရှာဖွေမှုကို အဆုံးသတ်တော့မှာပါ။

ဒီဟေးယားဟာ မကြာသေးခင်က စီးရီးအေကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဂျီနိုအာအသင်းနဲ့ သတင်းတွေထွက်ခဲ့ပေမယ့် လစာတောင်းဆိုမှုကြောင့် အပြောင်းအရွှေ့မဖြစ်ခဲ့ပါဘူး။ ဒီဟေးယားဟာ အသင်းလက်မဲ့ဖြစ်နေပေမယ့် သူ့ရဲ့ကြံ့ခိုင်မှုကို အကောင်းဆုံးဖြစ်နေအောင် တစ်ဦးတည်းလေ့ကျင့်မှုအစီအစဉ်တွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဒီဟေးယားဟာ ဖီအိုရမ်တီးနားအသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့တာပါ။

MANCHESTER, ENGLAND – MAY 25: David De Gea of Manchester United celebrates their side’s fourth goal scored by Marcus Rashford of Manchester United during the Premier League match between Manchester United and Chelsea FC at Old Trafford on May 25, 2023 in Manchester, England. (Photo by Naomi Baker/Getty Images)

ဒီဟေးယားဟာ ဖီအိုရမ်တီးနားအသင်းနဲ့(၁)နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး သူ့ရဲ့စွမ်းဆောင်ရည်အပေါ် အခြေခံကာ ဖီအိုရမ်တီးနားအသင်းက နောက်ထပ်(၁)နှစ်ထပ်ပြီးသက်တမ်းတိုးမယ်လို့ သိရပါတယ်။ အသက်(၃၃)နှစ်အရွယ်ရှိ ဒီဟေးယားဟာ ဖီအိုရမ်တီးနားအသင်းနဲ့ ဆေးစစ်မှုပြုလုပ်ဖို့ အီတလီနိုင်ငံကို သွားရောက်မှာဖြစ်ပြီး အပြောင်းအရွှေ့ကိစ္စအပြီးသတ်ပြီးတာနဲ့ ရာသီကြိုလေ့ကျင့်မှုအစီအစဉ်တွေမှာ ပူးပေါင်းပါဝင်ဖို့ရှိနေတာပါ။

ဖာဘရီဇီယိုရိုမန်နိုက ဒီဟေးယားဟာ ဖီအိုရမ်တီးနားအသင်းမှာ တစ်ရာသီကို အသားတင်လစာယူရို(၃)သန်းဝန်ကျင် ရရှိမယ်လို့ ဖော်ပြထားပါတယ်။ ဖီအိုရမ်တီးနားအသင်းဟာ သြဂုတ်(၁၇)ရက်မှာ စီးရီးအေရာသီသစ်အဖွင့်ပွဲစဉ်အဖြစ် ပါးမားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *