လိုက်ပ်ဇစ်ထံက အော်လ်မိုကို (၆)နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ ဘာစီလိုနာ ထုတ်ပြန်ကြေညာ

0

ဘာစီလိုနာအသင်းဟာ စပိန်ကွင်းလယ်ဖန်တီးရှင် ဒါနီအော်လ်မိုကို လိုက်ပ်ဇစ်အသင်းကနေ (၆)နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ အကယ်ဒမီထွက် ဒါနီအော်လ်မိုကို ယူရိုသန်း(၆၀)နဲ့ ခေါ်ယူခဲ့ပြီး စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး(Release Clause)ယူရိုသန်း(၅၀၀)ထည့်သွင်းခဲ့ပါတယ်။

အသက်(၂၆)နှစ်အရွယ်ရှိ ဒါနီအော်လ်မိုဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းကို ချန်ပီယံဆုရရှိအောင် ကူညီပေးပြီးနောက် အသင်းဟောင်း ဘာစီလိုနာအသင်းအပါအဝင် ကလပ်အသင်းအချို့ရဲ့ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အော်လ်မိုကတော့ ဘာစီလိုနာအသင်းကိုသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းကလည်း အပြောင်းအရွှေ့ကို အမြန်ဆုံးအပြီးသတ်နိုင်ခဲ့တာပါ။

အော်လ်မိုဟာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ပြီးနောက် အသင်းဟောင်း လိုက်ပ်ဇစ်အသင်းဟာ သူ့ရဲ့နှလုံးသားထဲမှာ ထာဝရရှိနေမယ်လို့ ပြောပြီး ကျေးဇူးတင်ကြောင်း သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားပြီး နှုတ်ဆက်ခဲ့ပါတယ်။ အော်လ်မိုဟာ လိုက်ပ်ဇစ်အသင်းအတွက် ပွဲပေါင်း(၁၄၈)ပါဝင်ကစားခဲ့ပြီး (၂၉)ဂိုးသွင်းယူကာ ဆုဖလား(၃)ခုရယူနိုင်ခဲ့ပါတယ်။

အော်လ်မိုဟာ ဘာစီလိုနာအသင်းမှာ ကျောနံပတ်(၂၀)ဝတ်ဆင်သွားမှာဖြစ်ပြီး မကြာခင် ဘာစီလိုနာအသင်းဖော်တွေနဲ့ ပူးပေါင်းကာ လေ့ကျင့်မှုတွေပြုလုပ်သွားဖို့ ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *