၁၅.၈.၂၀၂၄ ရဲ့ သတင်းအတိုအထွာများ စုစည်းမှု

0

■ မန်စီးတီးအသင်းကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်ဟာ အစ်ဝစ်ချ်အသင်းထံ ရာသီအကုန်ထိ အငှားနဲ့ ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။ ကယ်လ်ဗင်ဖီးလစ်နဲ့ အစ်ဝစ်ချ်အသင်းတို့ရဲ့အငှားစာချုပ်မှာ ဝယ်ယူဖို့အတွက် ရွေးချယ်ခွင့်မပါဝင်ဘူးလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

■ လောင်းကစားစည်းမျဉ်းချိုးဖောက်မှုကြောင့် ဘောလုံးကစားခွင့်ပိတ်ပင်ခြင်းခံထားရတဲ့ အီတလီကွင်းလယ်လူ တိုနယ်လီဟာ သြဂုတ်(၂၈)ရက်မှာ ဘောလုံးပြန်လည်ကစားခွင့်ရပြီလို့ နယူးကာဆယ်အသင်းက အတည်ပြုခဲ့ပါတယ်။ အသက်(၂၄)နှစ်အရွယ်ရှိ တိုနယ်လီဟာ နယူးကာဆယ်အသင်းအတွက်(၁၂)ပွဲကစားထားပြီး (၁)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

■ နာပိုလီအသင်းဟာ စကော့တလန်ကွင်းလယ်လူ တွမ်မီနေးကို ခေါ်ယူဖို့ မန်ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးမှုတွေစတင်ခဲ့ပါတယ်။ ဖူလ်ဟမ်အသင်းရဲ့ပစ်မှတ်ဖြစ်တဲ့ တွမ်မီနေးကို နာပိုလီအသင်းဟာ အငှားနဲ့ ခေါ်ယူချင်နေတာဖြစ်ပါတယ်။

■ ဆော်ဒီပရိုလိဂ်ကလပ် Al-Qadsiah အသင်းဟာ အင်္ဂလန်တိုက်စစ်မှူး အိုင်ဗန်တိုနေးကို တစ်နှစ်လုပ်ခလစာပေါင်(၁၅.၄)သန်းနဲ့ (၃)နှစ်စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းထားပါတယ်။ အိုင်ဗန်တိုနေးဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ဘရန်ဖိုဒ့်အသင်းကနေ ထွက်ခွာချင်နေပြီး ဘရန်ဖိုဒ့်အသင်းကတော့ သူ့ကို ဆက်ပြီးထိန်းသိမ်းချင်နေတာဖြစ်ပါတယ်။

■ ဘုန်းမောက်အသင်းဟာ စပါးအသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှူး ဆိုလန်ကီရဲ့နေရာမှာအစားထိုးဖို့အတွက် ပေါ်တိုအသင်းတိုက်စစ်မှူး အီဗာနီလ်ဆန်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားခဲ့ပါတယ်။ ဘုန်းမောက်အသင်းဟာ အီဗာနီလ်ဆန်အတွက် ပေါ်တိုအသင်းကို ပြောင်းရွှေ့ကြေးယူရို(၄၇)သန်းပေးချေရဖို့ရှိနေတာဖြစ်ပါတယ်။

Chelsea’s English defender Trevoh Chalobah applauds supporters on the pitch after the English Premier League football match between Chelsea and Leicester City at Stamford Bridge in London on May 19, 2022. – The game finished 1-1. – RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. (Photo by Glyn KIRK / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. (Photo by GLYN KIRK/AFP via Getty Images)

■ ဘိုလော့ဂ်နာအသင်းဟာ ချယ်လ်ဆီးအသင်းနောက်ခံလူ ချာလိုဘတ်ကို အငှားနဲ့ ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ ချာလိုဘတ်ဟာ ချယ်လ်ဆီးအသင်းကြီးနဲ့ လေ့ကျင့်ခန်းဆင်းခွင့်ပိတ်ပင်ခြင်းခံထားရပြီး အရောင်းစာရင်းထဲထည့်သွင်းခြင်းခံထားရတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *