နာပိုလီကနေ ထွက်ခွာဖို့ အိုစီမန် တောင်းဆိုထားတယ်လို့ ကလပ်ဒါရိုက်တာ အတည်ပြု

0

နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုစီမန်ဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ နာပိုလီအသင်းကနေ ထွက်ခွာဖို့ တောင်းဆိုထားတယ်လို့ ကလပ်ဒါရိုက်တာ ဂျီအိုဗန်နီမန်နာက အတည်ပြုခဲ့ပါတယ်။

အိုစီမန်ကို ခေါ်ယူဖို့ PSG၊ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့က ချိတ်ဆက်မှုတွေပြုလုပ်နေပေမယ့် သူ့အတွက် နာပိုလီအသင်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကြောင့် အခုထိ အပြောင်းအရွှေ့မဖြစ်သေးတာပါ။

PSG အသင်းဟာ အိုစီမန်ကို ခေါ်ယူနိုင်ဖို့ အဓိကကြိုးပမ်းခဲ့ပေမယ့် ပြောင်းရွှေ့ကြေးကြောင့် သူ့ကို ခေါ်ယူမယ့် လှုပ်ရှားမှုကနေ ထွက်ခွာခဲ့ပြီး တိုက်စစ်မှူးတွေဖြစ်တဲ့ မူအာနီ၊ဂွန်ကာလိုရာမို့စ်တို့နဲ့ ဆက်သွားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မကြာသေးခင်က နာပိုလီနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ လူကာကူ၊အိုစီမန်တို့ရဲ့အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး နာပိုလီအသင်းနည်းပြ ကွန်တီဟာ လူကာကူကို ခေါ်ယူချင်နေတာပါ။ အဲ့ဒါကြောင့် အိုစီမန်ဟာ ချယ်လ်ဆီးအသင်းထံ ရောက်လာနိုင်တယ်လို့ သတင်းတွေထွက်နေချိန်မှာ နာပိုလီအသင်းက ထွက်ခွာခွင့်တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဂျီအိုဗန်နီမန်နာက “အိုစီမန်က ကလပ်ကနေ ထွက်ခွာဖို့တောင်းဆိုထားပါတယ်။ သူထွက်ခွာချင်နေပြီး အခြေအနေတွေကရှင်းပါတယ်။ လာမယ့်ရက်(၂၀)အတွင်းမှာ ဘာတွေဖြစ်မလဲဆိုတာ မြင်တွေ့ရမယ်”လို့ မီဒီယာတွေ့ဆုံချိန်မှာ ဆိုခဲ့တာပါ။

အိုစီမန်ရဲ့အေးဂျင့်ကတော့ သူ့ရဲ့ကစားသမားဟာ ဒီနွေရာသီမှာ အငှား ဒါမှမဟုတ် အလဲအလှယ်နဲ့ ထွက်ခွာမယ့် ဖြစ်နိုင်ဖွယ်ကို ငြင်းဆိုထားပါတယ်။ ဒါပေမယ့် အိုစီမန်ဟာ နာပိုလီအသင်းကနေ ထွက်ခွာချင်နေတာကြောင့် ဒီနွေရာသီမှာ ကစားသမားအများအပြားခေါ်ယူနေတဲ့ ချယ်လ်ဆီးအသင်းဆီ ရောက်ရှိသွားမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *