ပလိုင်းမောက်နည်းပြ ပထမဆုံးပွဲဦးထွက်ကို ဂိုးပြတ်ရှုံးပွဲနဲ့ စတင်ခဲ့ရတဲ့ ဝိန်းရွန်နီ

0

အဂ်လိပ်လူမျိုးနည်းပြဝိန်းရွန်နီကိုင်တွယ်နေတဲ့ ချန်ပီယံရှစ်ကလပ် ပလိုင်မောက်အသင်းဟာ ဒီရာသီပထမဆုံး ပွဲဦးထွက် ချန်ပီယံရှစ်ပွဲစဉ်မှာ ရှက်ဖီးဝင်းစ်ဒေးစ်အသင်းကို (ဝ-၄)ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။

ရွန်နီဟာ ဒီနွေရာသီမှ ပလိုင်မောက်အသင်းကို စတင်တာဝန်ယူခဲ့တာဖြစ်ပြီး ဒီအသင်းနဲ့ သူ့ရဲ့ပထမဆုံးပြိုင်ပွဲမှာ ရလဒ်ဆိုးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

ပလိုင်မောက်အသင်းဟာ ရာသီကြိုခြေစမ်းပွဲတွေမှာ (၃)ပွဲနိုင်(၁)ပွဲသရေကျပြီး ရလဒ်တွေကောင်းခဲ့ပေမယ့် ရှက်ဖီးဝင်းစ်ဒေးစ်အသင်းနဲ့ပွဲမှာ ခြေပြတ်၊ ဂိုးပြတ်အရေးနိမ့်ခဲ့ရတာပါ။

ဒီပွဲမှာ အသင်းနည်းပြဝိန်းရွန်နီကလည်းရာထူးကထုတ်ခံရတော့မယ်လို့ လှောင်ပြောင်ခံခဲ့ရပါတယ်။

ရှက်ဖီးဝင်းစ်ဒေးစ်ပရိသတ်တွေက “မနက်ဖြန်ဆိုရင် မင်းရာထူးက အထုတ်ခံရတော့မယ်”လို့ သံပြိုင်အော်ပြီး ရွန်နီကို လှောင်ပြောင်ခဲ့ကြတာပါ။

ဒါဘီ၊ ဒီစီယူနိုက်တက်၊ ဘာမင်ဂမ်အသင်းတွေကို ကိုင်တွယ်ခဲ့တဲ့ နည်းပြရွန်နီအတွက် ပလိုင်မောက်အသင်းဟာ (၄)သင်းမြောက် ကလပ်အသင်းဖြစ်ပါတယ်။

ဂိုးပြတ်ရှုံးပွဲအတွက် ရွန်နီဟာ ဒေါသထွက်နေပြီး ပလိုင်မောက်ကစားသမားတွေကို ဆိုးရွားတဲ့ကစားပုံအတွက် ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ပလိုင်မောက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်မှာ အဆင့်(၂၁)သာရရှိပြီး တန်းဆင်းဇုန်အထက်က ကပ်ပြီးချန်ပီယံရှစ်မှာ ကျန်နေတဲ့ အသင်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *