၁၈.၈.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

0

■ ဂျာမနီကွင်းလယ်လူ ဂွန်ဒိုဂန်ဟာ သူ့ကိုထွက်ခွာခွင့်ပေးဖို့ ဘာစီလိုနာအသင်းကို တောင်းဆိုထားတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ကတော့ ဂွန်ဒိုဂန်ဆက်ရှိဖို့မျှော်လင့်တယ်လို့ ဗလင်စီယာအသင်းကို အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်အပြီးမီဒီယာတွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။

■ ဘုန်းမောက်အသင်းနဲ့ (၁)ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကွင်းလယ်လူ ဒါနီလိုခြေချင်းဝတ်ကျိုးသွားခဲ့တယ်လို့ နော်တင်ဂမ်ဖောရက်စ်အသင်းနည်းပြ နူနိုဆန်တိုက အတည်ပြုခဲ့ပါတယ်။ ဒါနီလိုအနေနဲ့ ခြေချင်းဝတ်ကျိုးတဲ့ဒဏ်ရာကြောင့် ကာလရှည်ကြာအနားယူရဖွယ်ရှိနေတာဖြစ်ပါတယ်။

■ စပါးအသင်းဟာ ကွင်းလယ်လူ အိုလီဗာစကစ်အတွက် လက်စတာအသင်းရဲ့ကမ်းလှမ်းမှုကို လက်ခံလိုက်ပါတယ်။ ပြောင်းရွှေ့ကြေးပေါင်သန်း(၂၀)ကျော်ဖွယ်ရှိပြီး အိုလီဗာစကစ်ဟာ ဒီနှစ်သင်းတွေ့ဆုံမယ့်ပွဲမတိုင်ခင် ဆေးစစ်မှုခံယူသွားဖွယ်ရှိနေတာဖြစ်ပါတယ်။

■ ဘိုင်ယန်မြူးနစ်အသင်းဟာ ကွင်းလယ်လူ ဂေါ်ရက်စကာအတွက် ကမ်းလှမ်းမှုတွေကို လမ်းဖွင့်ထားတယ်လို့ သိရပါတယ်။ ဂျာမနီလက်ရွေးစင်ကွင်းလယ်လူ ဂေါ်ရက်စကာကတော့ ဘိုင်ယန်မြူးနစ်အသင်းမှာ ဆက်ရှိချင်ပြီး နေရာအတွက်တိုက်ပွဲဝင်ချင်နေတာဖြစ်ပါတယ်။

■ စတာလင်နဲ့ ချီယေဆားတို့ကို အလဲအလှယ်ပြုလုပ်မယ့် ချယ်လ်ဆီးနဲ့ ဂျူဗင်တပ်စ်အသင်းတို့ရဲ့အပြောင်းအရွှေ့အစီအစဉ်ဟာ ပျက်ပြယ်သွားခဲ့ပါတယ်။ ကလပ်အသင်းနှစ်သင်းဟာ ဒီအပြောင်းအရွှေ့အတွက် ဖြစ်နိုင်ဖွယ်ကို ဆွေးနွေးခဲ့ပေမယ့် လစာနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေကြောင့် ဆွေးနွေးမှုအဆင်မပြေဖြစ်ခဲ့တယ်လို့ သိရပါတယ်။

■ ဝုလ်ဗ်စ်အသင်းဟာ ဖီနာဘာချီ၊ဆီဗီလာ၊မာဆေးလ်တို့နဲ့အပြိုင် ဘာစီလိုနာအသင်းတိုက်စစ်ကစားသမား အန်ဆုဖာတီကို အငှားနဲ့ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ အန်ဆုဖာတီဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ ကလပ်အသင်းသစ်ရှာဖွေဖို့ ဘာစီလိုနာအသင်းရဲ့ပြောဆိုခြင်းခံထားရတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *