လက်စတာ-စပါးပွဲမှာ ပြိုင်ဘက်ကစားသမားနဲ့ ထိခိုက်မိပြီး စပါးကွင်းလယ်လူ ဘန်တန်ကာ သတိလစ်သွားခဲ့

0

မနေ့က လက်စတာ(၁-၁)စပါး ပရီးမီးယားလိဂ်ပွဲမှာ စပါးကွင်းလယ်လူ ဘန်တန်ကာဟာ လက်စတာကစားသမား ဖာတာဝူနဲ့ထိခိုက်မိပြီး ကွင်းပြင်ကို ထမ်းစင်နဲ့ သယ်ထုတ်မသွားခင်သတိလစ်သွားခဲ့ပါတယ်။

ဒီပွဲရဲ့ပွဲချိန်မိနစ်(၇၀)မှာ ဖြစ်ခဲ့တဲ့ စိုးရိမ်စရာမြင်ကွင်းတွေမှာ ဆေးအဖွဲ့ဝင်တွေဟာ ဘန်တန်ကာကို ကွင်းအတွင်းဆေးကုသမှုတွေပြုလုပ်ခဲ့တာကြောင့် ပွဲကစားချိန်(၈)မိနစ်ခန့်နှောင့်နှေးခဲ့ရတာပါ။

ဘန်တန်ကာကို ဆေးကုသမှုပြုလုပ်ချိန်မှာ အောက်‌ဆီဂျင်ပါပေးခဲ့ရပြီး ကစားသမားတွေ၊နည်းပြအဖွဲ့ဝင်တွေနဲ့ ပရိသတ်တွေဟာ ဒီအခြေအနေအပေါ် အလွန်စိုးရိမ်ခဲ့ကြပါတယ်။ ဘန်တန်ကာကို ထမ်းစင်ပေါ်တင်တဲ့အချိန်မှာတော့ သူဟာ ထိုင်နိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ပရိသတ်တွေဟာ ဘန်တန်ကာ ကွင်းထဲက ထွက်ခွာချိန်မှာ လက်ခုပ်တီးခဲ့ကြပါတယ်။

Sky Sports သတင်းမှာ ဘန်တန်ကာဟာ အဝတ်လဲခန်းအတွင်း ထပြီး စကားပြောဆိုခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဆရာဝန်တွေကတော့ ဘန်တန်ကာရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်နေပါတယ်။ စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက ဘန်တန်ကာရဲ့ဒဏ်ရာကို အတည်ပြုခဲ့ပေမယ့် သူနဲ့ ပတ်သက်တဲ့ နောက်ဆုံးရအချက်အလက်တွေအများကြီးမရှိဘူးလို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။

ပိုစတီကိုဂလူးက”ကျွန်တော်ဆရာဝန်တွေနဲ့ စကားမပြောရသေးပါဘူး။ သူဟာ ဦးခေါင်းဒဏ်ရာရခဲ့တာဖြစ်ပြီး ကျွန်တော်တို့ဂရုစိုက်ရမှာပါ။ သူထပြီး စကားပြောနိုင်တာက သတင်းကောင်းပါ။ အရေးကြီးတာက သူသတိရှိပြီး ပြောဆိုဆက်ဆံမှုတွေပြုလုပ်နိုင်ဖို့ပါ”လို့ ဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *