မန်စီးတီးအတွက် ပြိုင်ပွဲစုံ ပွဲ(၁၀၀)ပြည့်ခဲ့ပြီး ရာသီအဖွင့်ပွဲတိုင်း ဂိုးသွင်းတဲ့ ဟာလန်း

0

မန်စီးတီးအသင်းရဲ့နော်ဝေတိုက်စစ်မှူး ဟာလန်းဟာ ပရီးမီးယားလိဂ်ရာသီအဖွင့် ပွဲစဉ်(၁) ချယ်လ်ဆီး(ဝ-၂)မန်စီးတီးပွဲမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ(၁၀၀)ပြည့်သွားခဲ့ပါတယ်။

ဟာလန်းဟာ ၂၀၂၂-၂၃ ရာသီက မန်စီးတီးအသင်းမှာ စတင်ကစားခဲ့ပြီး ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲတွေမှာ ဂိုးသွင်းလေ့ရှိတဲ့သူ့ရဲ့အစဉ်အလာကို အပျက်မခံဘဲ ချယ်လ်ဆီး(ဝ-၂)မန်စီးတီးပွဲမှာ ချယ်လ်ဆီးအသင်းဘက်ကို ပွဲချိန်(၁၈)မိနစ်မှာ အဖွင့်ဂိုးသွင်းယူပေးခဲ့ပါတယ်။

ဟာလန်းအနေနဲ့ ၂၀၂၂-၂၃ ရာသီအဖွင့် ဝက်စ်ဟမ်း(ဝ-၂)မန်စီးတီးပွဲမှာ (၂)ဂိုး၊ (၂၀၂၃-၂၄)ရာသီအဖွင့် ဘန်လေ(ဝ-၃)မန်စီးတီးပွဲမှာ (၂)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒီရာသီအဖွင့်မှာတော့ အသင်းကြီးဖြစ်တဲ့ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး တစ်ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။

ဟာလန်းဟာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ(၁၀၀)ပြည့်ချိန်မှာ အသင်းအတွက် ပြိုင်ပွဲစုံဂိုး(၉၁)ဂိုး သွင်းယူပေးထားပြီး၊ ဂိုးဖန်တီးမှု(၁၅)ဂိုး စွမ်းဆောင်ပေးထားပါတယ်။ ဒီလို ပြိုင်ပွဲစုံ (၉၁)ဂိုးသွင်းထားတာက ပရီးမီးယားလိဂ်ကစားသမားတွေထဲမှာ (သူ မန်စီးတီးမှာ ကစားနေတဲ့ကာလအတွင်း) စံချိန်တစ်ခုဖြစ်ပြီး အခြားဘယ်ကစားသမားထက်မဆို (၃၅)ဂိုးနဲ့အထက် ပိုမိုများပြားနေပါတယ်။ ဒီကာလအတွင်း ဆာလာက (၅၆)ဂိုးသွင်းပြီး ဒုတိယနေရာမှာ ရှိနေတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *