စပါးပရိသတ်တွေကို အနာပေါ်တုတ်ကျ ဖြစ်အောင် ထိထိမိမိ တုံ့ပြန်လိုက်တဲ့ ဗာဒီ

0

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၁)နောက်ဆုံးပွဲ လက်စတာ(၁-၁)စပါးပွဲမှာ စပါးပရိသတ်တွေက လက်စတာတိုက်စစ်မှူးဂျေမီဗာဒီကို လှောင်ပြောင်ခဲ့ကြပြီး ဗာဒီက သူ့ကိုလှောင်ပြောင်တဲ့ပရိသတ်တွေကို ထိထိမိမိတုံပြန်ခဲ့ပါတယ်။

ဗာဒီက သူ့ရဲ့ညာဘက်လက်မောင်းက ပရီးမီးယားလိဂ်လိုဂိုကို ပြပြီး လက်တစ်ချောင်းထောင်ခဲ့သလို၊ စပါးပရိသတ်တွေဘက်ကို လက်ညိုးထိုးကာ လက်မနဲ့ လက်ညိုးကို ဝိုင်းပြခဲ့ပါတယ်။

သူဆိုလိုခဲ့တဲ့ သဘောကတော့ မိမိက လက်စတာအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားတစ်လုံးရယူထားပြီး စပါးအသင်းကတော့ အခုအချိန်အထိ ပရီးမီးယားလိဂ်ဖလားတစ်လုံးမှ မရသေးဘူးလို ဆိုလိုခဲ့တာပါ။

လက်စတာအသင်းဟာ ၂၀၁၅-၁၆ ဘောလုံးရာသီတုန်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူထားနိုင်ပေမယ့် စပါးအသင်းကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တစ်ကြိမ်တစ်ခါမှ ချန်ပီယံဆုမရယူဖူးသေးတာကြောင့် ဗာဒီရဲ့လှောင်ပြောင်မှုဟာ စပါးပရိသတ်တွေအတွက် အနာပေါ်တုတ်ကျဖြစ်စေပါတယ်။

ဗာဒီဟာ ဒီဖြစ်ရပ်အပြီးမှာ စပါးနောက်ခံလူရိုမဲရိုးနဲ့လည်း အပြန်အလှန်အချင်းများခဲ့ပါသေးတယ်။ ဒီပွဲမှာ စပါးနောက်ခံလူပေါ်ရိုက ပွဲချိန်(၂၉)မိနစ်မှာ ဦးဆောင်ဂိုးသွင်းခဲ့ပြီး ဗာဒီကလက်စတာအသင်းအတွက် ပွဲချိန်(၅၇)မိနစ်မှာမှ ချေပဂိုးသွင်းခဲ့တာပါ။

ဗာဒီအနေနဲ့ ရာသီအဖွင့်ပွဲစဉ်တွေမှာ အသင်းအတွက်ဂိုးသွင်းတာ ဒီဂိုးအပါအဝင်(၈)ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *