နီကိုဝီလီယံစ်ကို ခေါ်ယူမှု အဆင်မပြေပြီးနောက် ရာဖယ်လ်လီယိုကို ခေါ်ယူဖို့ ဘာစီလိုနာ ပစ်မှတ်ထား

0

ဘာစီလိုနာအသင်းဟာ ဘီလ်ဘာအိုတောင်ပံကစားသမား နီကိုဝီလီယံစ်ကို ခေါ်ယူဖို့အဆင်မပြေခဲ့ပြီးနောက် အေစီမီလန်တောင်ပံကစားသမား ရာဖယ်လ်လီယိုကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ်စဉ်းစားနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

နီကိုဝီလီယံစ်ဟာ ဘီလ်ဘာအိုအသင်းမှာ ဆက်ရှိမယ်လို့ ပြောခဲ့ပြီးနောက် ဘာစီလိုနာအသင်းဟာ လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ အခြားရွေးချယ်စရာတွေကို ရှာဖွေနေခဲ့တာပါ။

ရာဖယ်လ်လီယိုဟာ နွေရာသီအပြောင်းအရွှေ့ကာလဈေးကွက်မပိတ်ခင်မှာ ဘာစီလိုနာအသင်းရဲ့အဓိကပစ်မှတ်ဖြစ်လာခဲ့တယ်လို့ Mundo Deportivo ကဖော်ပြထားပါတယ်။

ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေရှိနေတဲ့အတွက် တစ်နှစ်လုပ်ခယူရိုသန်း(၂၀)ရရှိနေတဲ့ ကွင်းလယ်လူ ဂွန်ဒိုဂန်ကို ဒီနွေရာသီမှာ ထွက်ခွာခွင့်ပေးဖို့ ရှိနေပါတယ်။ ရာဖယ်လ်လီယိုရဲ့အပြောင်းအရွှေ့ဟာ ရှုပ်ထွေးနိုင်ပေမယ့် သူဟာ ဘယ်တောင်ပံအတွက် လာပေါ်တာအကြိုက်ဆုံးရွေးချယ်မှုဖြစ်သလို အေးဂျင့်ကလည်း ဘာစီလိုနာအသင်းနဲ့ ဆက်ဆံရေးကောင်းတဲ့ ဂျော့ချ်မန်ဒက်စ်ပါ။

ဂျော့ချ်မန်ဒက်စ်ဟာ အေစီမီလန်အသင်းနဲ့ ၂၀၂၈ အထိစာချုပ်ရှိပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း(၇၀)ကနေ (၈၀)ကြားတန်ကြေးရှိတဲ့ ရာဖယ်လ်လီယိုကို ဘာစီလိုအသင်းခေါ်ယူနိုင်ဖို့ ကူညီပေးရဖွယ်ရှိနေတာဖြစ်ပါတယ်။

အသက်(၂၅)နှစ်အရွယ်ရှိ ရာဖယ်လ်လီယိုဟာ သူ့ရဲ့ကစားသမားဘဝအပြောင်းအလဲအတွက် အဆင်သင့်ဖြစ်နေပြီး ဘာစီလိုနာလို ထိပ်တန်းအသင်းကြီးတွေမှာ သွားရောက်ကစားချင်နေတယ်လို့ Mundo Deportivo က အတည်ပြုထားပါတယ်။

ဘာစီလိုနာအသင်းဟာ အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်မှာ အသင်းကြီးအချို့ရဲ့ပစ်မှတ်ဖြစ်နေတဲ့ ဖရန်ကီဒီယွန်း၊ ရာဖင်ညာနဲ့ ဖယ်ရန်တောရက်စ်တို့ကိုလည်း ရောင်းချဖွယ်ရှိနေပါတယ်။ ဘာစီလိုနာအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းတောင်ပံကစားသမား ကိုးမန်းနဲ့ ဂျူဗင်တပ်စ်အသင်းတောင်ပံကစားသမား ချီယေဆားတို့ကိုလည်း ခေါ်ယူမယ့်ကစားသမားစာရင်းထဲ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *