ရီးရဲလ်မက်ဒရစ်အသင်းကို ကားတစ်စီးလို အရှိန်အတက်အကျထိန်းချုပ်ခဲ့တဲ့ တိုနီကရုးစ်

0

မော်တော်ကားတစ်စီးမှာ အင်ဂျင်က အဓိကကျတဲ့အရာတစ်ခုဖြစ်ပြီး ကားရဲ့အရှိန်အနှေးအမြန်ကို အဓိကထိန်းချုပ်တဲ့ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းမှာ ဂျာမန်ကွင်းလယ်လူတိုနီကရူးစ်ဟာ အသင်းကို အင်ဂျင်တစ်လုံးလို အဓိကထိန်းချုပ်မောင်းနှင်သွားခဲ့တာကို သူနဲ့အသင်းဖော်ဖြစ်ခဲ့ဖူးတဲ့ ဘရာဇီးလ်ကွင်းလယ်လူ ကက်စီမီရိုးက အခုလိုဖွင့်ဟဝန်ခံခဲ့ပါတယ်။

”ရီးရဲလ်မက်ဒရစ်အသင်းရဲ့ပွဲတွေက အမြဲတမ်း တိုနီကရူးစ်ရဲ့စည်းချက်နောက်ကို လိုက်နေရတာဗျ။ တကယ်လို့ သူက ပွဲကို အရှိန်ချချင်တယ်ဆိုရင် ကျွန်တော်တို့အားလုံးပွဲကို အရှိန်ချရတယ်။ သူက ပွဲကို အရှိန်တင်ချင်တယ်ဆိုရင် အားလုံး အရှိန်တင်ရတယ်။ ကွင်းထဲမှာ သူက အားလုံးကို ဆုံးဖြတ်နေတာဗျ”

Leave a Reply

Your email address will not be published. Required fields are marked *