လီဗာပူးလ်ကို တစ်ကွက်ပြလိုက်တဲ့ အဲဗာတန်အသင်း Everton Two – Liverpool One

0

လီဗာပူးလ်မြို့ထဲမှာ ကြီးမားတဲ့ Shopping Centre ကြီးတစ်ခုရှိပါတယ်။ ဒီ Shopping Centre ရဲ့နာမည်က Liverpool One ဖြစ်ပါတယ်။

ဒီ Liverpool One Shopping Centre ထဲမှာ လီဗာပူးလ်အသင်းက အသင်းနဲ့သက်ဆိုင်တဲ့ အသုံးအဆောင်ပစ္စည်းတွေ ရောင်းချတဲ့ Official စတိုးဆိုင်တစ်ခုဖွင့်ထားသလို၊ မြို့ခံပြိုင်ဘက် အဲဗာတန်အသင်းကလည်း သူတို့ကလပ်အသင်းအမှတ်တရ အသုံးအဆောင်ပစ္စည်းတွေကို ရောင်းချတဲ့ Official စတိုးဆိုင်တစ်ခုဖွင့်ထားပါတယ်။

လီဗာပူးလ်အသင်းက သူတို့ရဲ့အမှတ်တရပစ္စည်းအရောင်းဆိုင်ကို LFC Club Store လို့ ရိုးရိုးရှင်းရှင်းနာမည်ပေးထားပေမယ့် အဲဗာတန်အသင်းကတော့ သူတို့ရဲ့စတိုးဆိုင်ကို Everton Two လို့ ထူးထူးခြားခြားနာမည်ပေးထားပါတယ်။

Liverpool One = လီဗာပူးလ်ရဲ့နံပါတ်(၁) ဆိုပြီး အဓိပ္ပာယ်ရတဲ့ Shopping Centre ထဲမှာ အဲဗာတန်အသင်းက Everton Two လို့ အမည်ပေးတာ အဆင့်(၁)နောက်က အဆင့်(၂)လို့ ဆိုလိုသလား တွေးစရာပါပဲ။

ဒါပေမယ့် ဆိုင်လိပ်စာကို ရည်ညွှန်းတဲ့ Official Address ကို ကြည့်မှ အဲဗာတန်အသင်း ဉာဏ်ကောင်းလွန်းတာကို ပရိသတ်တွေ နားလည်သွားပါတယ်။

လီဗာပူးလ်အသင်းအမှတ်တရပစ္စည်းအရောင်းဆိုင်ရဲ့ Official Address က LFC Club Store – Liverpool One ဖြစ်ပေမယ့် အဲဗာန်အသင်းအမှတ်တရပစ္စည်းအရောင်းဆိုင်ရဲ့ Official Address က Everton Two – Liverpool One ဖြစ်ပါတယ်။

ဒါက အရောင်းဆိုင် Official Address နဲ့မတူဘဲ လီဗာပူးလ်မြို့ခံ မာဆေးဆိုက်ဒ်ဒါဘီ အသင်းနှစ်သင်းရဲ့ဂိုးရလဒ်လိုဖြစ်နေတာကြောင့် အဲဗာတန်အသင်း တစ်ကွက်ပြလိုက်တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *