လက်ရွေးစင်အသင်းကိုသာမက ဘောလုံးကစားခြင်းကိုပါ စွန့်လွှတ်သူများခဲ့တဲ့ ၂၀၂၄ ခုနစ်

0

ကမ္ဘာ့ဖလား၊ ယူရိုနဲ့ ကိုပါအ​မေရိကလို အဓိကနိုင်ငံတကာပြိုင်ပွဲကြီးတွေပြီးရင် ဘောလုံးသမားတွေ နိုင်ငံတကာဘောလုံးလောကက (တစ်နည်းအားဖြင့်) လက်ရွေးစင်အသင်းက အနားယူသွားကြတာ ထုံးစံပါပဲ။

ဒါပေမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲနဲ့ ကိုပါအမေရိကပြိုင်ပွဲတွေအပြီး ဒီနှစ်ကတော့ အရင်ပြိုင်ပွဲတွေထက် လက်ရွေးစင်အသင်းက အနားယူသွားသူတွေကို ပိုတွေ့နေရပါတယ်။

ဒီအထဲမှာ လက်ရွေးစင်အသင်းကသာမက ကလပ်အသင်းဘောလုံးလောကကိုပါ စွန့်ခွာပြီး ဘောလုံးကစားခြင်းက အနားယူသွားသူတွေကိုတောင် တွေ့နေရပါတယ်။

ဂျာမန်လက်ရွေးစင်ကွင်းလယ်လူ တိုနီကရူးစ်ဆိုရင် ခြေစွမ်းအကောင်းဆုံးအနေအထားမှာ ရှိနေပေမယ့် ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကို စွန့်ခွာသွားသလို၊ ပေပေ(ပေါ်တူဂီ)၊ သီယာဂို(စပိန်)၊ ဘိုနုချီ(အီတလီ)၊ ဂျိုးဟတ်(အင်္ဂလန်)၊ ဖယ်လေနီ(ဘယ်လ်ဂျီယံ)အစရှိတဲ့ကစားသမားတွေလည်း ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကို စွန့်ခွာသွားကြပါတယ်။

ဘောလုံးကစားခြင်းကို မစွန့်လွှတ်သေးပေမယ့် လက်ရွေးစင်အသင်းက အနားယူသွားကြသူတွေကတော့ ရှာကီရီ(ဆွစ်ဇာလန်)၊ ကာဗာနီ(ဥရုဂွေး)၊ ဂျရူး(ပြင်သစ်)၊ ကေလာနာဗက်စ်(ကော်စတာရီကာ)၊ နာဗက်စ်(စပိန်)၊ ဒေလီဘလင်း(နယ်သာလန်)၊ ဘရိုဇိုဗစ်(ခရိုအေးရှား)၊ ချက်ထရီ(အိန္ဒိယ)၊ မူဆလာရာ(ဥရုဂွေး)၊ တာဒစ်(ဆားဘီးယား)၊ ဒီမာရီယာ(အာဂျင်တီးနား)၊ ဆွန်မား(ဆွစ်ဇာလန်))၊ မူလာ(ဂျာမနီ)အစရှိသူတွေပဲ ဖြစ်ပါတယ်။

အနားယူသွားသူတွေထဲမှာ တိုနီကရူးစ်လို ခြေစွမ်းခြေစကောင်းနေသေးတဲ့ ကစားသမားတွေ ပါဝင်နေသေးတာကြောင့် နိုင်ငံတကာဘောလုံးလောကအတွက် နှမြောစရာလို့ ဆိုရမှာပါပဲ။

အခုအချိန်က ၂၀၂၄ ခုနှစ်ရဲ့ (၃)ပုံ(၂)ပုံကျိုးချိန်တောင် မရောက်သေးတာကြောင့် ဒီနှစ်အတွင်း ဘယ်ကစားသမားတွေ အနားယူဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *