လူကာကူအတွက် ချယ်လ်ဆီးနဲ့နာပိုလီအသင်း ပြောင်းရွှေ့ကြေး သဘောတူညီမှုရရှိ

0

ချယ်လ်ဆီးနဲ့ နာပိုလီအသင်းတို့ဟာ သောကြာနေ့က အပြုသဘောဆောင်တဲ့ဆွေးနွေးမှုပြုလုပ်အပြီးမှာ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူကို ရောင်းချဖို့ ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့ နာပိုလီအသင်းတို့ဟာ ဒီအပတ်ထဲမှာ လူကာကူရဲ့အပြောင်းအရွှေ့အတွက် ဆွေးနွေးခဲ့ကြတာဖြစ်ပြီး လူကာကူဟာ အင်တာမီလန်အသင်းမှာ အတူလက်တွဲခဲ့တဲ့ နည်းပြဟောင်း ကွန်တီနဲ့ နာပိုလီအသင်းမှာ ပြန်လည်လက်တွဲအလုပ်လုပ်ရတော့မှာပါ။

နာပိုလီအသင်းဟာ လူကာကူအတွက် ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ကြေးပေါင်(၂၃)သန်း၊Add-ons ပေါင်(၁၂)သန်းပေးချေဖို့ သဘောတူညီမှုရရှိခဲ့ပြီး (၃)နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ရာသီက အင်တာမီလန်နဲ့ ရိုးမားအသင်းတွေမှာ အငှားနဲ့ ဖြတ်သန်းခဲ့တဲ့ လူကာကူအတွက် နာပိုလီအသင်းဟာ သူ့ရဲ့တတိယမြောက်စီးရီးအေကလပ်အသင်းဖြစ်လာမှာပါ။

ချယ်လ်ဆီးအသင်းဟာ လူကာကူကို ၂၀၂၁ နွေရာသီအပြောင်းအရွှေ့က အင်တာမီလန်အသင်းကနေ ပေါင်(၉၇.၅)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး သူဟာ ကလပ်အသင်းအတွက် (၄၄)ပွဲကစားကာ (၁၅)ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လူကာကူဟာ ချယ်လ်ဆီးအသင်းအတွက် ၂၀၂၂ မေကတည်းက ပါဝင်ကစားခြင်းမရှိတော့ပါဘူး။ ချယ်လ်ဆီးအသင်းဟာ လူကာကူကို ပြီးခဲ့တဲ့နှစ်ရာသီက အငှားချပြီးနောက် ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ထပ်မံအငှားမချတော့ဘဲ အပြီးသတ်ရောင်းချဖို့သာ လုပ်ဆောင်ခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမပြီးဆုံးခင်မှာ နောက်ထပ်တိုက်စစ်မှူးတစ်ဦးခေါ်ယူချင်နေပြီး နာပိုလီအသင်းတိုက်စစ်မှူး အိုစီမန်ကို ပစ်မှတ်ထားနေပါတယ်။ အိုစီမန်ကလည်း ဒီအပြောင်းအရွှေ့မှာ နာပိုလီအသင်းကနေ ထွက်ခွာချင်နေပြီး နာပိုလီအသင်းရဲ့ပြီးခဲ့တဲ့ စီးရီးအေပွဲစဉ်နဲ့ ရာသီကြိုခြေစမ်းပွဲတွေမှာ ပါဝင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *