၂၅.၈.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

0

■ နာပိုလီအသင်းဟာ မန်ယူနိုက်တက်အသင်းကွင်းလယ်လူ တွမ်မီနေးကို ခေါ်ယူဖို့နီးစပ်နေပြီလို့သိရပါတယ်။ နာပိုလီအသင်းရဲ့ယူရိုသန်း(၃၀)နဲ့ ကမ်းလှမ်းမှုအသစ်ကို မန်ယူနိုက်တက်အသင်းက လက်ခံခဲ့ပြီး တွမ်မီနေးကလည်း အပြောင်းအရွှေ့အတွက် နောက်ဆုံးအဆင့်ကို ဆွေးနွေးမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

■ ဗယ်လက်ကာနိုအသင်းဟာ ကိုလံဘီယာအသင်းကွင်းလယ်လူ ဟာမီးစ်ရိုဒရီဂွက်ဇ်ကို ခေါ်ယူနိုင်ဖို့နီးစပ်နေပါတယ်။ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ကိုလံဘီယာအသင်းအတွက်ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဟာမီးစ်ရိုဒရီဂွက်ဇ်ကိုခေါ်ယူဖို့ ကလပ်အသင်းအများအပြားက ချဉ်းကပ်ခဲ့ပေမယ့် သူက လာလီဂါကိုပြန်ဖို့ ဦးစားပေးဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

■ လီဗာပူးလ်အသင်းဂိုးသမား အယ်လီဆန်က သူဟာ ဆော်ဒီပရိုလိဂ်ကလပ်အသင်းအချို့ရဲ့ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ အယ်လီဆန်က ၂၀၂၆ အထိစာချုုပ်ရှိနေတဲ့ လီဗာပူးလ်အသင်းမှာ အလွန်ပျော်ရွှင်နေတယ်လို့လည်း ဆိုခဲ့တာဖြစ်ပါတယ်။

■ နော်တင်ဂမ်ဖောရက်စ်အသင်းဟာ ဗီလာရီးရဲလ်အသင်းတိုက်စစ်မှူး ဒန်ဂျူးမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ စပါးနဲ့ အဲဗာတန်အသင်းတွေမှာ အငှားကစားခဲ့တဲ့ ဒန်ဂျူးမားဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ အငှားနဲ့ ထပ်မထွက်ချင်ဘဲ အပြီးသတ်ထွက်ခွာချင်နေတာဖြစ်ပါတယ်။

■ ချယ်လ်ဆီးအသင်းကွင်းလယ်လူ လာဗီးယားဟာ အသေးစားတံကောက်ကြောဒဏ်ရာကို ခံစားနေရပြီး နည်းပြ မာရက်စ်ကာက ဒဏ်ရာမပြင်းထန်ဖို့ မျှော်လင့်နေပါတယ်။ လာဗီးယားဟာ ပြီးခဲ့တဲ့တစ်ရာသီလုံးနီးပါး ဒဏ်ရာကြောင့် အနားယူခဲ့ရပြီး မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းအတွက် ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။

■ ဆိုစီဒက်အသင်းဟာ ဒေါ့မွန်အသင်းက ထွက်ခွာပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ ဝါရင့်နောက်ခံလူ ဟမ်းမဲလ်နဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ ဟမ်းမဲလ်ကို ခေါ်ယူဖို့ကလပ်အသင်းအချို့က ချိတ်ဆက်မှုတွေပြုလုပ်နေပေမယ့် သူဟာ အခုထိအသင်းသစ်မရသေးတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *