ခရစ္စတယ်ပဲလေ့စ်ထံက ဂူဟီကို ကလပ်စံချိန်တင်ကြေးနဲ့ နယူးကာဆယ်အသင်း ခေါ်ယူဖို့ နီးစပ်နေ

0

နယူးကာဆယ်နဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ဟာ အင်္ဂလန်နောက်ခံလူ ဂူဟီအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း(၇၀)နီးပါးနဲ့ သဘောတူညီမှုရရှိဖို့ နီးစပ်နေတာကြောင့် ဂူဟီဟာ သူ့ရဲ့အနာဂတ်ကို မကြာခင်ရက်ပိုင်းအတွင်းမှာ ဖြေရှင်းနိုင်ဖို့ မျှော်လင့်နေပါတယ်။

ကလပ်အသင်းနှစ်သင်းဟာ ဂူဟီရဲ့အပြောင်းအရွှေ့အတွက် တနင်္လာနေ့က နောက်ထပ်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး သဘောတူညီမှုရရှိဖို့ နီးစပ်ခဲ့တာပါ။

ခရစ္စတယ်ပဲလေ့စ်အသင်းအနေနဲ့ နယူးကာဆယ်အသင်းရဲ့နောက်ထပ်ကမ်းလှမ်းမှုကို လက်ခံခဲ့မယ်ဆိုရင် ဂူဟီဘက်က ဆုံးဖြတ်ချက်အပေါ်သာ မူတည်တော့မှာဖြစ်ပါတယ်။ ဂူဟီဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်းရဲ့နံပတ်(၁)ပစ်မှတ်ဖြစ်တာကြောင့် ကလပ်အသင်းဘက်ကလည်း အပြောင်းအရွှေ့ဖြစ်မြောက်နိုင်အောင် ကြိုးပမ်းနေတာပါ။ ဒါပေမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဂူဟီအတွက် နယူးကာဆယ်အသင်းရဲ့အရင်ကမ်းလှမ်းထားတဲ့ ကမ်းလှမ်းမှု(၄)ခုကို ပယ်ချခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်အသင်းဟာ ဂူဟီအတွက် ခရစ္စတယ်ပဲလေ့စ်အသင်းထံ ပေါင်သန်း(၆၀)၊Add-ons ပေါင်(၅)သန်း နောက်ဆုံးကမ်းလှမ်းမှုပြုလုပ်ခဲ့တာပါ။ ဒါပေမယ့် နယူးကာဆယ်အသင်းဟာ အပြောင်းအရွှေ့ပြီးဆုံးဖို့ ရက်ပိုင်းပဲ ကျန်ရှိတော့တဲ့အချိန်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ဆွေးနွေးမှုတွေထပ်ပြုလုပ်ခဲ့ပြီး အပြောင်းအရွှေ့ဖြစ်ဖို့ နီးစပ်လာခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့သာဖြစ်ခဲ့ရင် ဂူဟီဟာ နယူးကာဆယ်အသင်းရဲ့ကလပ်စံချိန်တင်ခေါ်ယူမှုဖြစ်လာဖို့ရှိနေသလို ခရစ္စတယ်ပဲလေ့စ်အသင်းသမိုင်းမှာလည်း အကြီးမားဆုံးရောင်းချမှုဖြစ်လာမှာပါ။

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဂူဟီရဲ့အနာဂတ်နဲ့ သက်ဆိုင်မှုမရှိပေမယ့် လာမယ့်ရက်ပိုင်းအတွင်းမှာ ဝုလ်ဖ်ဘတ်အသင်းဗဟိုနောက်ခံလူ မက်ဆန်ကို ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *