ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ဥရောပထိပ်တန်းလိဂ်(၅)ခုမှာ ဂိုးဖန်တီးမှုအများဆုံးကစားသမား ကိုးလ်ပါမား

0

ချယ်လ်ဆီးအသင်းရဲ့အင်္ဂလန်တောင်ပံကစားသမားကိုးလ်ပါမားဟာ မန်စီးတီးအသင်းကနေ ချယ်လ်ဆီးအသင်းကို ၂၀၂၃ နွေရာသီမှာ ရောက်ရှိခဲ့တာဖြစ်ပြီး ၂၀၂၃ စက်တင်ဘာလကစပြီး ချယ်လ်ဆီးအသင်းမှာ စတင်ကစားခဲ့ပါတယ်။

ကိုးလ်ပါမားဟာ ချယ်လ်ဆီးအသင်းကို သူစတင်ရောက်ရှိလာချိန်ကစပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးဖန်တီးမှု(၁၅)ကြိမ်ပြုလုပ်ထားပါတယ်။

အဲဒီအချိန်ကစပြီး အခုအချိန်အထိ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုရဲ့ ဂိုးဖန်တီးမှုအများဆုံးကစားသမားစာရင်းမှာ ကိုးလ်ပါမားထက် ပိုမိုစွမ်းဆောင်နိုင်သူမရှိသေးဘဲ သူ့ရဲ့ဂိုးဖန်တီးမှု(၁၅)ကြိမ်က အများဆုံးဖြစ်ပါတယ်။

ကိုးလ်ပါမားအနေနဲ့ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ သွင်းဂိုး(၂၂)ဂိုး၊ ဂိုးဖန်တီးမှု(၁၁)ကြိမ်၊ ဒီရာသီမှာ သွင်းဂိုး(၁)ဂိုး၊ ဂိုးဖန်တီးမှု(၄)ကြိမ် ပြုလုပ်ထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *