ဖိအားတွေရှိနေပေမယ့် မန်ယူနိုက်တက်မှာ နေရာရဖို့ ဆက်တိုက်ပွဲဝင်သွားမယ့် ကတ်စီမီရို

0

တူရကီကလပ် ဂါလာတာစာရေးအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံနေရတဲ့ ဘရာဇီးလ်ကွင်းလယ်လူ ကက်စီမီရိုက မန်ယူနိုက်တက်အသင်းမှာ ဆက်နေပြီး သူ့ရဲ့နေရာအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဂါလာတာစာရေးအသင်းဟာ တူရကီအပြောင်းအရွှေ့မပိတ်ခင်မှာ ကက်စီမီရိုကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး သူကတော့ ကမ်းလှမ်းမှုတွေအားလုံးကို ငြင်းပယ်ဖို့ ရှိနေတာပါ။

ကက်စီမီရိုဟာ မန်ယူနိုက်တက်အသင်းက လီဗာပူးလ်အသင်းကို (ဝ-၃)ဂိုးနဲ့ အရေးနိမ့်ခဲ့‌တဲ့ပွဲမှာ အမှားအယွင်းပြုလုပ်ခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရသလို ဝေဖန်မှုတွေ အများအပြားလည်းခံခဲ့ရတာဖြစ်ပါတယ်။ ကက်စီမီရိုဟာ ရီးရဲလ်မက်ဒရစ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ပထမရာသီမှာ မန်ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီမှာခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာပါ။

မန်ယူနိုက်တက်အသင်းဟာ နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့က PSG အသင်းကွင်းလယ်လူ အူဂါတေးကို ခေါ်ယူခဲ့တာကြောင့် ကက်စီမီရိုဟာ သူ့ရဲ့နေရာအတွက် စိုးရိမ်စရာတွေရှိလာခဲ့ပါတယ်။ ဒါပေမယ့် ကက်စီမီရိုဟာ အခုအချိန်မှာ မန်ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ စိတ်ဝင်စားခြင်းမရှိတာဖြစ်ပါတယ်။

ကက်စီမီရိုဟာ နွေရာသီအပြောင်းအရွှေ့မှာ ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေရဲ့စိတ်ဝင်စားမှုတွေရခဲ့ပေမယ့် နည်းပြအဲရစ်တန်ဟတ်က သူ့ကို မန်ယူနိုက်တက်အသင်းမှာ ဆက်ပြီးရှိစေခဲ့တာပါ။ ကက်စီမီရိုဟာ လီဗာပူးလ်အသင်းနဲ့ ပွဲမှာ အမှားတွေရှိခဲ့ပေမယ့် စက်တင်ဘာနိုင်ငံတကာပွဲစဉ်အပြီး ပြန်ကစားမယ့် ဆောက်သမ်တန်အသင်းနဲ့ပွဲမှာ မန်ယူနိုက်တက်အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ဆက်ပြီးပါဝင်ရဖွယ်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *