(၂၁) ရာစုမှာ ပွဲဦးထွက် (၃) ပွဲကစားအပြီး ဂိုးအများဆုံးသွင်းတဲ့ စံချိန်တင်ခဲ့တဲ့ ဟာလန်း

0

မန်စီးတီးအသင်းရဲ့နော်ဝေတိုက်စစ်မှူးဟာလန်းဟာ ရာသီအစမှာ ဟက်ထရစ်ဂိုးတွေသွင်းယူခြင်းနဲ့အတူ ထူးခြားစံချိန်မှတ်တမ်းတစ်ခုကို တင်နိုင်ခဲ့ပါတယ်။

အဲဒါကတော့ ရာသီအစ ပွဲဦးထွက်အမှတ်ပေးပွဲ(၃)ပွဲကစားအပြီးမှာ ဂိုးအများဆုံးစံချိန်မှတ်တမ်းပါ။

ဟာလန်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၃)ပွဲကစားပြီးချိန်မှာပဲ ဟက်ထရစ်(၂)ကြိမ်နဲ့အတူ သွင်းဂိုး(၇)ဂိုးသွင်းထားတာဖြစ်ပါတယ်။

ပွဲဦးထွက် ချယ်လ်ဆီး(ဝ-၂)မန်စီးတီးပွဲမှာ (၁)ဂိုး၊ ပွဲစဉ်(၂) မန်စီးတီး(၄-၁)အစ်ဝစ်ချ်ပွဲမှာ ဟက်ထရစ်(၃)ဂိုး၊ ပွဲစဉ်(၃) ဝက်စ်ဟမ်း(၁-၃)မန်စီးတီးပွဲမှာ ဟက်ထရစ်(၃)ဂိုး စုစုပေါင်း(၇)ဂိုးသွင်းထားတာပါ။

၂၀၀၀ ပြည့်နှစ်ကစပြီး (၂၁)ရာစုမှာ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ(၅)ခုက ဘယ်ကစားသမားမှ ဒီလောက် သွင်းဂိုးအရေအတွက် မသွင်းနိုင်ဘဲ အများဆုံး(၆)ဂိုးအထိသာသွင်းနိုင်ခဲ့ကြတာပါ။

(၃)ပွဲကစားအပြီး (၆)ဂိုးသွင်းနိုင်တဲ့ကစားသမားများစွာရှိပြီး ဒီအထဲမှာ စီရော်နယ်ဒို၊ မက်ကေး၊ အယ်လ်တင်တော့၊ လီဝန်ဒေါစကီး၊ ဆစ်ဆေး၊ ဂျက်ကို၊ လာကာဇက်အစရှိတဲ့ ကစားသမားတွေ ပါဝင်ခဲ့ပါတယ်။

ဒါကြောင့် ဟာလန်းအနေနဲ့ ဒီဂိုးသွင်းနှုန်းနဲ့ ပရီးမီးယားလိဂ်မှာ သူကိုယ်တိုင်တင်ထားတဲ့ တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးစံချိန်(၃၆ ဂိုး/၂၀၂၂-၂၃ ရာသီ)ကို ပြန်ပြီး ရိုက်ချိုးနိုင်ဦးမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *