ဥရောပထိန်တန်းလိဂ်ပြိုင်ပွဲ (၅)ခုမှာ ၂၀၂၄ အတွင်း အိမ်ကွင်း သွင်းဂိုးအများဆုံးအသင်း ချယ်လ်ဆီး

0

ဥရောပထိပ်တန်းလိဂ်(၅)ခုက အသင်းတွေထဲမှာ ၂၀၂၄ ခုနှစ်အတွင်း အိမ်ကွင်းသွင်းဂိုးအများဆုံးဆိုတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားတဲ့အသင်းက လာလီဂါချန်ပီယံရီးရဲလ်မက်ဒရစ်အသင်းမဟုတ်သလို၊ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးလည်းမဟုတ်ပါဘူး။

ပြီးခဲ့တဲ့ရာသီက အမှတ်ပေးဇယားအဆင့်(၁၀)နေရာလောက်မှာ တစ်ရာသီလုံးကျင်လည်ခဲ့ရပြီး ရာသီကုန်မှာ အဆင့်(၆)ရရှိခဲ့တဲ့ ချယ်လ်ဆီးအသင်းဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းအနေနဲ့ အသင်းပိုင်ရှင်သစ်တွေထက်ထဲမှာ ငွေကြေးသုံးစွဲမှုတွေနဲ့ အောင်မြင်မှုထပ်တူမကျလို့ ဝေဖန်ခံနေရပေမယ့် ဥရောပကလပ်အသင်းတွေထဲမှာ ထူးခြားမှတ်တမ်းတစ်ခုတော့ ပိုင်ဆိုင်ထားနိုင်တာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ချယ်လ်ဆီးအသင်းဟာ အိမ်ကွင်းမှာ ပြိုင်ပွဲစုံ(၁၇)ပွဲကစားထားပြီး သွင်းဂိုး(၄၇)ဂိုးသွင်းယူထားပါတယ်။ ဒါက ဥရောပထိပ်တန်းလိဂ်(၅)ခုက ဘယ်အသင်းမှ မရောက်ရှိသေးတဲ့ ကိန်းဂဏန်းတစ်ခုဖြစ်ပါတယ်။

အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ချ်မှာ ချယ်လ်ဆီးအသင်းက ဂိုးမြူးတဲ့အသင်းတစ်သင်းအဖြစ် ရပ်တည်နေပြီး တစ်ပွဲပျမ်းမျှသွင်းဂိုး(၃)ဂိုးနီးပါး(၂.၇၆ ဂိုး)ရှိနေပါတယ်။

ဒီရာသီ ပြိုင်ပွဲစုံအိမ်ကွင်း(၃)ပွဲမှာ ချယ်လ်ဆီးအသင်းဟာ (၃)ဂိုးသာ ရထားပေမယ့် ပြီးခဲ့တဲ့ရာသီက မစ်ဒယ်ဘရော့နဲ့ အဲဗာတန်အသင်းကို (၆-ဝ)၊ ဝက်စ်ဟမ်းကို (၅-ဝ)ဂိုးတွေနဲ့ နိုင်ခဲ့သလို ပရက်စတန်၊ လက်စတာ၊ မန်ယူနိုက်တက်အစရှိတဲ့အသင်းတွေကို သွင်းဂိုး(၄)ဂိုးအထိသွင်းပြီး အနိုင်ရခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *