ရွံရှာဖွယ်ရာ လုပ်ရပ်တွေထပ်ပြီး ထွက်ပေါ်လာတဲ့ ဂျာမိန်ဂျီးနပ်စ်

0

BBC ရဲ့ရုပ်သံအစီအစဉ်တင်ဆက်သူရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ အင်္ဂလန်ကစားသမားဟောင်း ဂျာမိန်းဂျီးနပ်စ်ရဲ့ရွံရှာဖွယ်ကောင်းတဲ့ လုပ်ရပ်တွေကို ကိုယ်တွေ့ရင်ဆိုင်ခဲ့ရဖူးတဲ့ အမျိုးသမီးတစ်ဦးက ဖော်ထုတ်ပြောဆိုလိုက်ပါတယ်။

BBC ရဲ့ Match Of The Day နဲ့ The One Show အစီအစဉ်တွေမှာ အစီအစဉ်တင်ဆက်သူတစ်ဦးအဖြစ် တာဝန်ယူနေပြီး လစာငွေမြောက်မြားစွာရရှိနေတဲ့ ဂျီးနပ်စ်ဟာ မကြာသေးမီက လုပ်ဖော်ကိုင်ဖက်အမျိုးသမီးနှစ်ဦးဆီကို မလိုလားအပ်တဲ့မက်ဆေ့ချ်တွေပေးပို့ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး ရာထူးက ထုတ်ပယ်ခံခဲ့ရသူပါ။

အခုတော့ သူမက်ဆေ့ချ်ပေးပို့တာကို ခံခဲ့ရဖူးတဲ့ နောက်ထပ်အမျိုးသမီးတစ်ဦးက သူပေးပို့ခံရတဲ့ မက်ဆေ့ချ်အကြောင်းနဲ့ ဂျီးနပ်စ်ရဲ့ရွံရှာဖွယ်ကောင်းတဲ့ လုပ်ရပ်အကြောင်းကို မီဒီယာတွေဆီမှာ ဖွင့်ဟပြောပြလာခဲ့တာပါ။

ဂျီးနပ်စ်ဟာ သူ့ရဲ့ယောက်ျားအဂါၤပုံကို မိမိထံပေးပို့ခဲ့ပြီး မိမိဆီက ဘီကီနီဝတ်ထားတဲ့ပုံတွေပြန်ပို့ဖို့ တောင်းဆိုခဲ့တယ်လို့ ဒီအမျိုးသမီးက ဖွင့်ဟပြောဆိုခဲ့တာပါ။

လက်ရှိဇနီးဖြစ်သူအီလီနဲ့ သမီး(၂)ယောက်၊ သား(၁)ယောက်မွေးဖွားထားတဲ့ ဂျီးနပ်စ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒီလိုမဖွယ်မရာလုပ်ရပ်တွေကို ကျူးလွန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတုန်းက ဂျီးနပ်စ်ဟာ BBC ရဲ့ရုပ်သံတာဝန်တွေအတွက် ကာတာနိုင်ငံကို ရောက်ရှိနေပြီး ဒီအမျိုးသမီးကလည်းကာတာနိုင်ငံကိုကုမ္ပဏီအရောင်းမြှင့်တင်ရေးကိစ္စအတွက် ရောက်ရှိစဉ်မှာ ဒီလိုဖြစ်ရပ်တွေ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

မိမိတို့နှစ်ဦး ဟိုတယ်တစ်ခုရဲ့စားသောက်ဆိုင်မှာ ဆုံတွေ့ခဲ့ကြပြီးနောက် တစ်ဦးကို တစ်ဦးမိတ်ဆက်ရာမှ ခင်မင်ရင်းနှီးခဲ့ကြကြောင်း၊ နောက်ပိုင်းမှာ ဖုန်းနံပါတ်တွေအပြန်အလှန်ပေးခဲ့ရာမှ ဂျီးနပ်စ်က WhatsApp က တစ်ဆင့်မိမိဆီကို အခုလို မဖွယ်မရာပုံတွေ ပေးပို့ခဲ့တယ်လို့ ဒီအမျိုးသမီးက ဖွင့်ဟခဲ့ပါတယ်။

ဒီဖွင့်ဟထုတ်ဖော်မှုက BBC မှာ ပြဿနာတက်နေတဲ့ ဂျီးနပ်စ်အတွက် ရေနစ်သူကို ဝါးလုံးနဲ့ ထိုးချသလိုဖြစ်စေခဲ့ပြီး ပိုမိုအရှက်ရစရာဖြစ်စေခဲ့ပါတယ်။ BBC မှာ ပြဿနာတွေတက်ခဲ့ပြီးနောက် ဂျီးနပ်စ်က ဒီလုပ်ရပ်တွေအတွက် မိမိအရှက်ရမိကြောင်းနဲ့ အားလုံးကို ထိခိုက်စေတဲ့အတွက် စိတ်မကောင်းဖြစ်မိကြောင်း ပြောထားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *