ပရီးမီးယားလိဂ် ရာသီအစ(၄)ပွဲမှာ ဂိုးအများဆုံး ရွန်နီစံချိန်ကို ကျော်ဖြတ်ခဲ့တဲ့ ဟာလန်း

0

မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၄) မန်စီးတီး(၂-၁)ဘရန့်ဖို့ဒ်ပွဲမှာ မန်စီးတီးအသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးကို နော်ဝေလက်ရွေးစင်တိုက်စစ်မှူးဟာလန်းတစ်ဦးတည်းက သွင်းယူခဲ့တာပါ။

ဒီ(၂)ဂိုးအပါအဝင် ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဟာလန်းရဲ့သွင်းဂိုးအရေအတွက်က (၉)ဂိုးအထိရှိလာခဲ့ပါတယ်။

အရင်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရာသီအစပွဲစဉ်(၄)ပွဲအပြီး ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်တင်ထားသူက မန်ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီဖြစ်ပြီး (၈)ဂိုးသွင်းခဲ့တာပါ။

အခု ဟာလန်းက ရွန်နီရဲ့စံချိန်ကို တစ်ဂိုးအသာနဲ့ ကျော်ဖြတ်ကာ စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပြီး သူ့အနေနဲ့ အရင် ဂိုးသွင်းစံချိန်မှတ်တမ်းတွေကို ကျော်ဖြတ်နိုင်ဦးမလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *