မူးယစ်ရမ်းကားလို့ ပွဲကြီးကြပ်ခွင့် (၅)လ ပိတ်ခံခဲ့ရတဲ့ ပိုလန်လူမျိုး ဒိုင်လူကြီး(၂)ဦး
ပိုလန်ဘောလုံးအဖွဲ့ချုပ်ဟာ ပိုလန်လူမျိုးဒိုင်လူကြီး(၂)ဦးကို မလျော်ကန်တဲ့လုပ်ရပ် ကျူးလွန်ခဲ့ကြတဲ့အတွက် ပွဲကြီးကြပ်ခွင့် (၅)လပိတ်ပင်တဲ့ ပြစ်ဒဏ်နဲ့ ဆိုင်းငံ့(၇)လ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့သြဂုတ်(၇)ရက်နေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ခြေစစ်ပွဲ ဒိုင်နမိုကိဗ်(၁-၁)ရိန်းဂျားစ်ပွဲမတိုင်မီညက ဒီပိုလန်ဒိုင်(၂)ဦးက မူးယစ်ရမ်းကားခဲ့ကြတာပါ။ ယူကရိန်းကလပ်ဒိုင်နမိုကိဗ်အသင်းရဲ့အိမ်ကွင်းမှာ ကစားရမှာဖြစ်ပေမယ့် ဒီပွဲကို ရှရှားကျူးကျော်စစ်ပွဲကြောင့် ယူကရိန်းမှာ...