Month: September 2024

ချယ်လ်ဆီးအတွက် ပွဲဦးထွက်မှာ POTM ရခဲ့တဲ့ ဆန်ချို မန်ယူနိုက်တက်နဲ့ တန်ဟတ်ကို စောင်းမြောင်း ပြောဆို

မနေ့က ဘုန်းမောက်(ဝ-၁)ချယ်လ်ဆီး ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကစားသမားဘ၀ ပွဲဦးထွက်အဖြစ်ပါဝင်ခဲ့တဲ့ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုက ပွဲအပြီးအင်တာဗျူးမှာ သူ့ရဲ့အသင်းဟောင်း မန်ယူနိုက်တက်နဲ့ နည်းပြ အဲရစ်တန်ဟတ်တို့ကိုစောင်းမြောင်း ပြောဆိုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလနောက်ဆုံးနေ့က မန်ယူနိုက်တက်အသင်းကနေ အငှားနဲ့ ရောက်ရှိလာခဲ့တဲ့ ဆန်ချိုဟာ ဒီပွဲမှာချယ်လ်ဆီးအသင်းအတွက်အနိုင်ဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်ကစားသမား...

နှလုံးသားလှတဲ့ တူချယ်လ်

(Inside Story) ဂျာမန်လူမျိုးနည်းပြတူချယ်လ်ဟာ ၂၀၁၈ ခုနှစ်အတွင်းက ပြင်သစ်ကလပ် PSG အသင်းကို ကိုင်တွယ်ခဲ့ပြီး ပါရီမြို့အတွင်း လှပတဲ့အိမ်တစ်လုံးဝယ်ယူကာ မိသားစုလိုက်နေထိုင်ခဲ့ပါတယ်။ ဒီအိမ်မှာ သူတို့မိသားစုကို အကူအညီပေးဖို့ ဖိလစ်ပိုင်လူမျိုးအိမ်ဖော်အမျိုးသမီးတစ်ဦးကို ငှားရမ်းခေါ်ယူခဲ့ပါတယ်။ ဒီအိမ်ဖော်အမျိုးသမီးဟာ သူ့အလုပ်ကို သူ...

ဝစ်ဆာထက် ပိုမြန်တဲ့ဂိုးသွင်းခဲ့တဲ့ မူဆီယာလာနဲ့ ဘွန်ဒစ်လီဂါပြိုင်ဘက်တိုင်းကို ဂိုးသွင်းတဲ့ ကိန်း

အခုတစ်ပတ်ကစားခဲ့တဲ့ ဥရောပဘောလုံးပွဲတွေအနက် မန်စီးတီး(၂ -၁)ဘရန့်ဖို့ဒ်ပွဲမှာ ဘရန့်ဖို့ဒ်တောင်ပံတိုက်စစ်ကစားသမားဝစ်ဆာသွင်းတဲ့ဂိုးက ပွဲစပြီး (၂၂) စက္ကန့်အကြာမှာ သွင်းယူတာဖြစ်လို့ လူပြောများနေပါတယ်။ ဒီဂိုးက ပရီးမီးယားလိဂ်လက်ရှိချန်ပီယံအသင်းကို ပြိုင်ဘက်အသင်းကသွင်းယူတဲ့အမြန်ဆုံးဂိုးအဖြစ်လည်း စံချိန်တင်ခဲ့ပါတယ်။ ဒါပေမယ့် မနေ့က ကစားခဲ့တဲ့ဥရောပလိဂ်ပွဲတွေထဲမှာ ဒီဂိုးထက်ပိုမြန်တဲ့ဂိုးရှိနေပါတယ်။ ဘွန်ဒစ်လီဂါပွဲစဉ် ‌ဟော်စတိန်း(၁-၆)ဘိုင်ယန်မြူးနစ်ပွဲမှာ...

ပရီးမီးယားလိဂ် ရာသီအစ(၄)ပွဲမှာ ဂိုးအများဆုံး ရွန်နီစံချိန်ကို ကျော်ဖြတ်ခဲ့တဲ့ ဟာလန်း

မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၄) မန်စီးတီး(၂-၁)ဘရန့်ဖို့ဒ်ပွဲမှာ မန်စီးတီးအသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးကို နော်ဝေလက်ရွေးစင်တိုက်စစ်မှူးဟာလန်းတစ်ဦးတည်းက သွင်းယူခဲ့တာပါ။ ဒီ(၂)ဂိုးအပါအဝင် ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဟာလန်းရဲ့သွင်းဂိုးအရေအတွက်က (၉)ဂိုးအထိရှိလာခဲ့ပါတယ်။ အရင်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရာသီအစပွဲစဉ်(၄)ပွဲအပြီး ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်တင်ထားသူက မန်ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီဖြစ်ပြီး...

ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု (၄)ကြိမ်ထိရှိလာပြီး အန်တိုနီထက် တစ်ကြိမ်ပိုသာနေတဲ့ အီဒါဆန်

ဒီနေ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၄) မန်စီးတီး(၂-၁)ဘရန်ဖို့ဒ်ပွဲမှာ ဘရန့်ဖို့ဒ်အသင်းဘက်ကို မန်စီးတီးတိုက်စစ်မှူးးဟာလန်းသွင်းယူခဲ့တဲ့ ဒုတိယဂိုးကို မန်စီးတီးဂိုးသမားအီဒါဆန်က ဂိုးရှေ့ကနေ အမြင်ရှိရှိနဲ့ လှမ်းကန်ပေးပို့ပြီး ဖန်တီးခဲ့တာပါ။ အီဒါဆန်ဟာ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု(၄)ကြိမ်အထိရှိသွားပြီဖြစ်ပြီး မြို့ခံပြိုင်ဘက် မန်ယူနိုက်တက်အသင်းက ဘရာဇီးလ်တောင်ပံတိုက်စစ်ကစားသမား အန်တိုနီထက်တောင် တစ်ဂိုးပိုနေပါသေးတယ်။...

ပရီးမီးယားလိဂ်ပွဲစဉ်(၄) မန်စီးတီး(၂-၁)ဘရန်ဖို့ဒ်ပွဲ Highlight Video

ဒီနေ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၄) မန်စီးတီး(၂-၁)ဘရန်ဖို့ဒ်ပွဲမှာ ဘရန့်ဖို့ဒ်အသင်းဘက်ကို မန်စီးတီးတိုက်စစ်မှူးးဟာလန်းသွင်းယူခဲ့တဲ့ ဒုတိယဂိုးကို မန်စီးတီးဂိုးသမားအီဒါဆန်က ဂိုးရှေ့ကနေ အမြင်ရှိရှိနဲ့ လှမ်းကန်ပေးပို့ပြီး ဖန်တီးခဲ့တာပါ။ အီဒါဆန်ဟာ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု(၄)ကြိမ်အထိရှိသွားပြီဖြစ်ပြီး မြို့ခံပြိုင်ဘက် မန်ယူနိုက်တက်အသင်းက ဘရာဇီးလ်တောင်ပံတိုက်စစ်ကစားသမား အန်တိုနီထက်တောင် တစ်ဂိုးပိုနေပါသေးတယ်။...

လက်ရှိချန်ပီယံအသင်းဘက်ကို အမြန်ဆုံးဂိုးသွင်းနိုင်ခဲ့တဲ့ ဝစ်ဆာ

.ဒီနေ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၄) မန်စီးတီး-ဘရန်ဖို့ဒ်ပွဲမှာ အိမ်ရှင်မန်စီးတီးအသင်းဘက်ကို ဘရန့်ဖို့ဒ်တောင်ပံတိုက်စစ်ကစားသမား ဝစ်ဆာသွင်းယူခဲ့တဲ့အဖွင့်ဂိုးဟာ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံအသင်းကို ပြိုင်ဘက်အသင်းက အမြန်ဆုံးသွင်းယူနိုင်တဲ့ဂိုးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ DR ကွန်ဂိုလက်ရွေးစင်တောင်ပံကစားသမား ဝစ်ဆာဟာ ပွဲအစ (၂၂)စက္ကန့်မှာပဲ မန်စီးတီးအသင်းဘက်ကို ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်လျှောက် အမြန်ဆုံးဂိုးအဖြစ် စံချိန်တင်ထားတာကတော့...

၂၀၂၄ သြဂုတ်လရဲ့ပရီးမီးယားလိဂ်အကောင်းဆုံးဂိုး

(Goal of the Month) ပြီးခဲ့တဲ့ ၂၀၂၄ သြဂုတ်လရဲ့ပရီးမီးယားလိဂ်အကောင်းဆုံးဂိုး(Premier League Goal of the Month)အဖြစ် ချယ်လ်ဆီးတောင်ပံကစားသမား ကိုးလ်ပါမားရဲ့ဂိုးက ရွေးချယ်ခံရပါတယ်။ သြဂုတ်လ(၂၅)ရက်နေ့က ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ် ချယ်လ်ဆီး(၂-၆) ဝုလ်ဗ်ပွဲမှာ ကိုးလ်ပါမားက...

၂၀၂၄ သြဂုတ်လရဲ့ ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြ ဟာဇယ်လာ

ပြီးခဲ့တဲ့ ၂၀၂၄ သြဂုတ်လအတွက် ချီးမြှင့်တဲ့ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးနည်းပြဆု(Premier League Manager of the Month)ကို ဘရိုက်တန်အသင်းနည်းပြ ဖေဘီယန်ဟာဇယ်လာက ဆွတ်ခူးခဲ့ပါတယ်။ ဒီရာသီမှ ပရီးမီးယားလိဂ်ကို စတင်ရောက်ရှိလာပြီး ဘရိုက်တန်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ဂျာမန်လူမျိုးနည်းပြဟာဇယ်လာဟာ ရာသီအစမှာ...

၂၀၂၄ သြဂုတ်လရဲ့ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမား ဟာလန်း

ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးအသင်းရဲ့နော်ဝေလက်ရွေးစင်တိုက်စစ်မှူးအဲလင်းဟာလန်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ပထမဆုံးလဖြစ်တဲ့ သြဂုတ်လအတွက် ချီးမြှင့်တဲ့ ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆု(Premier League Player of the Month)ကို ဆွတ်ခူးခဲ့ပါတယ်။ ဟာလန်းဟာ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုကို တတိယအကြိမ်ဆွတ်ခူးရရှိတာဖြစ်ပြီး ၂၀၂၂ သြဂုတ်လနဲ့ ၂၀၂၃ ဧပြီလတွေအတွက် ချီးမြှင့်တဲ့ဆုတွေကို ရယူခဲ့ဖူးပါတယ်။...