ယူရို-၂၀၂၄မှာ အသက်အကြီးဆုံးကစားသမားတွေအဖြစ် ပါဝင်ယှဉ်ပြိုင်မယ့် ပေပေနဲ့ ရော်နယ်ဒို

0

ယူရို- ၂၀၂၄ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ကစားသမားတွေထဲမှာ အသက်အကြီးဆုံးကစားသမားတွေအဖြစ် ပေါ်တူဂီကစားသမား(၂)ဦးဖြစ်တဲ့ ပေပေ(၄၁ နှစ်)နဲ့ ရော်နယ်လ်ဒို(၃၉ နှစ်)တို့က ဦးဆောင်မှာဖြစ်ပါတယ်။

ဒီကစားသမား(၂)ဦးက ဒီပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ပွဲအများဆုံးကစားသူတွေအဖြစ်လည်း ဦးဆောင်နေကြပြီး အသင်းခေါင်းဆောင်တိုက်စစ်မှူး ရော်နယ်ဒိုက ပြိုင်ပွဲ(၅)ခုမှာ (၂၅)ပွဲ၊ ဝါရင့်နောက်ခံလူ ပေပေက ပြိုင်ပွဲ(၄)ခုမှာ (၁၉)ပွဲ ကစားထားတာပါ။

သူတို့နှစ်ဦးက ပေါ်တူဂီအသင်းကို ယူရို-၂၀၁၆ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်စေဖို့ အကောင်းဆုံးဦးဆောင်မှုပေးနိုင်ခဲ့ကြသူတွေဖြစ်ကြပြီး ဒီနှစ်ပြိုင်ပွဲကို သူတို့ရဲ့နောက်ဆုံးယူရိုပြိုင်ပွဲတွေအဖြစ် ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

စီရော်နယ်ဒိုအနေနဲ့ ယူရို-၂၀၂၄ပြိုင်ပွဲမှာ (၆)ကြိမ်မြောက် ယူရိုပြိုင်ပွဲအဖြစ် ပါဝင်ကစားမှာဖြစ်ပြီး အနာဂတ်မှာလည်း တော်ရုံတန်ရုံကစားသမားတွေလိုက်မမီနိုင်တဲ့စံချိန်ကို ရယူထားတာဖြစ်ပါတယ်။

ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်လုံးမှာလည်း ယူရိုပြိုင်ပွဲကို ပြိုင်ပွဲ(၅)ခုအထိ ကစားဖူးတာ သူတစ်ယောက်တည်းသာရှိပါတယ်။

ယူရို-၂၀၂၄ယှဉ်ပြိုင်မယ့်ကစားသမားတွေထဲမှာ ပေပေနဲ့ ရော်နယ်ဒိုတို့နောက်မှာ အသက်(၃၆)နှစ်အထက် ဝါရင့်ကစားသမားတွေများစွာပါဝင်နေပြီး အသက်အကြီးဆုံးကစားသမား(၁၀)ဦးက အောက်ပါအတိုင်းဖြစ်ပါတယ်။

■ ပေပေ(ပေါ်တူဂီ) – (၄၁)နှစ်
■ ရော်နယ်လ်ဒို(ပေါ်တူဂီ) – (၃၉)နှစ်
■ မိုဒရစ်(ခရိုအေးရှား) – (၃၈)နှစ်
■ နားဗက်စ်(စပိန်) – (၃၈)နှစ်
■ လိုရီယာ(ဂျော်ဂျီယာ) – (၃၈)နှစ်
■ နော်ယာ(ဂျာမနီ) – (၃၈)နှစ်
■ ဂျရူး(ပြင်သစ်) – (၃၇)နှစ်
■ ပီကာရစ်(ဆလိုဗက်ကီးယား) – (၃၇)နှစ်
■ ကက်စပါရှမိုက်ကယ်(ဒိန်းမတ်) – (၃၇)နှစ်
■ ကက်ကာ(ဆလိုဗက်ကီးယား) – (၃၇)နှစ်

Leave a Reply

Your email address will not be published. Required fields are marked *