ဆိုရှယ်မီဒီယာမှာ ဝင်ငွေအကောင်းဆုံး WAG ကိုပိုင်ဆိုင်ထားတဲ့ အင်္ဂလန်တိုက်စစ်မှူးဘိုဝင်

0

လာမယ့်ယူရို(၂၀၂၄)ပြိုင်ပွဲဝင်မယ့် အင်္ဂလန်လက်ရွေးစင်အသင်းက ကစားသမားတွေရဲ့ဇနီး/ချစ်သူတွေ(WAGs)ထဲမှာ ဘယ်ကစားသမားရဲ့ WAG က ဆိုရှယ်မီဒီယာမှာဝင်ငွေအကောင်းဆုံးလဲလို့ ဗြိတိန်သတင်းစာ Daily Mail က စစ်တမ်းကောက်ယူခဲ့ပါတယ်။

ဒီစစ်တမ်းမှာ နာမည်ကျော်ကစားသမားတွေကို ကျော်ပြီး ဝက်စ်ဟမ်းတိုက်စစ်မှူးဂျာရော့ဒ်ဘိုဝင်က ဝင်ငွေအကောင်းဆုံး WAG ကို ပိုင်ဆိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဘိုဝင်ရဲ့ ဇနီးဒန်နီဒိုင်ယာက ဆိုရှယ်မီဒီယာမှာဝင်ငွေအကောင်းဆုံး WAG အဖြစ်ထိပ်ဆုံးမှာ ဦးဆောင်ခဲ့ပါတယ်။

Reality TV show နဲ့ ဆိုရှယ်မီဒီယာမှာ ထင်ရှားကျော်ကြားသူ ဒန်နီဒိုင်ယာအနေနဲ့ အင်စတာဂရမ်မှာ ပရိသတ်(၃,၈၀၀,၀၀၀)အထိရှိပြီး ပို့စ်တစ်ခုတင်တိုင်း ဝင်ငွေ ပေါင်(၁၆၈၀၀)ရရှိနေပါတယ်။

ဒန်နီဒိုင်ယာဟာ ၂၀၂၁ ခုနှစ်မှာ ဘိုဝင်နဲ့ အကြောင်းပါခဲ့ပြီး ၂၀၂၃ မေလမှာ သူတို့ဇနီးမောင်နှံနှစ်ဦးက အမွှာသမီးနှစ်ယောက်ကို မွေးဖွားထားပါတယ်။ ဒိုင်ယာရဲ့အရင်အိမ်ထောင်နဲ့ ပါလာတဲ့ သားလေးတစ်ယောက်လည်း သူတို့ မိသားစုမှာ ရှိနေပါတယ်။

Follower (၃.၈)သန်းကျော်ရှိတာကြောင့် ဒန်နီဒိုင်ယာရဲ့ဆိုရှယ်မီဒီယာပို့စ်တွေက တန်ဖိုးများစွာထိုက်တန်နေပြီး ဒုတိယနေရာက အိုင်းရစ်လောထက် (၃)ဆမက များပြားနေတာဖြစ်ပါတယ်။

အင်စတာဂရမ်မှာ Follower (၇)သိန်းကျော်ရှိတဲ့ အိုင်းရစ်လောဟာ လီဗာပူးလ်နောက်ခံလူ အာနိုးလ်ရဲ့ချစ်သူဖြစ်ပြီး သူမကတော့ ဆိုရှယ်မီဒီယာမှာ ပို့စ်တစ်ခုတင်တိုင်း ပေါင်(၅၀၀၀)ခန့် ရရှိနေပါတယ်။

ဆိုရှယ်မီဒီယာမှာ ဝင်ငွေအကောင်းဆုံး WAGs တွေကို ပိုင်ဆိုင်ထားတဲ့ အင်္ဂလန်ဘောလုံးသမားတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

■ ဘိုဝင်(ဒန်နီဒိုင်ယာ) – ပေါင်(၁၆၈၀၀)
■ အာနိုးလ်(အိုင်းရစ်လော) – ပေါင်(၅၀၀၀)
■ ဘယ်လင်ဂမ်(လော်ရာဗော့ခ်) – ပေါင်(၃၆၀၀)
■ ကိန်း(ကိတ်) – ပေါင်(၂၄၀၀)
■ ပစ်ဖို့ဒ်(မီဂန်) – ပေါင်(၁၂၀၀)
(ပို့်စ်တစ်ခုတင်တိုင်း ရရှိသည့်ဝင်ငွေဖြစ်သည်)

Leave a Reply

Your email address will not be published. Required fields are marked *