ယူရို-၂၀၂၄ ပြိုင်ပွဲဝင်အသင်းတွေထဲမှာ တန်ဖိုးအမြင့်ဆုံး အင်္ဂလန်လက်ရွေးစင်အသင်း

0

ယူရို-၂၀၂၄ပြိုင်ပွဲဝင်အသင်းတွေထဲမှာ ကစားသမားတွေရဲ့ဈေးကွက်တန်ဖိုးအရ တန်ဖိုးအများဆုံးအသင်းအဖြစ် အင်္ဂလန်လက်ရွေးစင်အသင်းက ဦးဆောင်နေပါတယ်။

အင်္ဂလန်အသင်းရဲ့တန်ဖိုးဟာ ပေါင်(၁.၂)ဘီလီယံအထိရှိနေပြီး ဒုတိယနေရာမှာတော့ ပြင်သစ်အသင်းက ပေါင်(၁.၀၄)ဘီလီယံနဲ့ ရပ်တည်နေပါတယ်။

အင်္ဂလန်နဲ့ ပြင်သစ်အသင်းတို့ဟာ ပေါင်တစ်ဘီလီယံထက် တန်ဖိုးရှိတဲ့ လက်ရွေးစင်အသင်းတွေဖြစ်ကြပြီး ကျန်အသင်းတွေကတော့ တစ်ဘီလီယံအောက်သာ တန်ဖိုးရှိကြောင်း တွေ့ရပါတယ်။

လက်ရှိဈေးကွက်တန်ဖိုး ပေါင်သန်း(၁၅၀)လောက်တန်ကြေးရှိနေတဲ့ ကွင်းလယ်လူဘယ်လင်ဂမ်အပါအဝင် ဒက်ကလန်ရိုက်စ်၊ ဖိုဒန်၊ ဆာကာအစရှိတဲ့ ဈေးကွက်တန်ဖိုးမြင့် နာမည်ကျော်ပရီးမီးယားလိဂ်ကစားသမားတွေပါဝင်နေတာကြောင့် အင်္ဂလန်အသင်းက ကျန်အသင်းတွေထက် များစွာမြင့်မားတဲ့တန်ဖိုးနဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။ အင်္ဂလန်အသင်းရဲ့ တန်ဖိုးက ယူရို -၂၀၂၄ အိမ်ရှင်ဂျာမနီနဲ့ ဘယ်လ်ဂျီယံအသင်းတွေရဲ့တန်ဖိုးနှစ်ခုပေါင်းလောက်ရှိနေတာကိုလည်း တွေ့ရမှာပါ။

ပြင်သစ်အသင်းမှာလည်း ဈေးကွက်တန်ဖိုးမြင့်မားတဲ့ ဘာပေ၊ ချူအာမန်နီ၊ ကာမာဗင်ဂါ၊ ဆာလီဘာ အစရှိတဲ့ ကစားသမားတွေရှိနေတာကြောင့် စုစုပေါင်းပေါင်တစ်ဘီလီယံအထက် တန်ဖိုးမြင့်မားတဲ့အသင်းအဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိယူရိုချန်ပီယံ အီတလီအသင်းကတော့ ပေါင်သန်း(၆၀၀)ဝန်းကျင်လောက်သာ တန်ကြေးရှိပြီး အဆင့်(၇)နေရာမှာ ရပ်တည်နေပါတယ်။

ယူရို(၂၀၂၄)ပြိုင်ပွဲရဲ့ တန်ဖိုးအများဆုံးအသင်းများ

■ အင်္ဂလန် – ပေါင်(၁.၂)ဘီလီယံ
■ ပြင်သစ် – ပေါင်(၁.၀၄)ဘီလီယံ
■ ပေါ်တူဂီ – ပေါင်(၈၉၀)သန်း
■ စပိန် – ပေါင်(၈၂၀)သန်း
■ ဂျာမနီ – ပေါင်(၇၂၂)သန်း
■ နယ်သာလန် – ပေါင်(၇၁၇)သန်း
■ အီတလီ – ပေါင်(၅၉၉)သန်း
■ ဘယ်လ်ဂျီယံ – ပေါင်(၄၉၆)သန်း
■ ဒိန်းမတ် – ပေါင်(၃၆၇)သန်း
■ ယူကရိန်း – ပေါင်(၃၂၂)သန်း

Leave a Reply

Your email address will not be published. Required fields are marked *