ဆယ်စုနှစ်(၂)ခုကျော် နှစ်စဉ်နှစ်တိုင်း နိုင်ငံတကာဂိုး သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမား စီရော်နယ်ဒို

0

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ အိုင်ယာလန်အသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ နိုင်ငံတကာခြေစမ်းပွဲမှာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ပြက္ခဒိန်ခုနှစ်(၂၁)နှစ်ဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။

ဘောလုံးသမိုင်းတစ်လျှောက်မှာ အခုလို ဆယ်စုနှစ်(၂)ခုအထက် နှစ်စဉ်နှစ်တိုင်းဂိုးသွင်းနိုင်တဲ့ ဘောလုံးသမားမရှိသေးဘဲ စီရော်နယ်ဒိုက ပထမဆုံးစွမ်းဆောင်နိုင်တဲ့ကစားသမားဖြစ်ခဲ့တာပါ။

ဘောလုံးလောကမှာ စီရော်နယ်ဒိုထက် လက်ရွေးစင်ကစားသမားသက်တမ်းပိုရှည်ကြာအောင် ကစားဖူးတဲ့ကစားသမားတွေရှိပေမယ့် သူ့လို (၂၁)နှစ်တိုင် နှစ်တိုင်းဂိုးသွင်းနိုင်သူကတော့ မရှိသေးတာဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းမှာ (၂၀၀၃)ခုနှစ်ကတည်းက စတင်ကစားခဲ့တာကြောင့် သူ့ရဲ့ လက်ရွေးစင်ကစားသမားဘ၀ သက်တမ်းက (၂၁)နှစ်တိုင်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

သူ့ရဲ့ပထမဆုံးနိုင်ငံတကာသွင်းဂိုးကို သူ့ရဲ့နိုင်ငံတကာပွဲ (၈)ပွဲမြောက်ပွဲဖြစ်တဲ့ ပေါ်တူဂီ(၁-၂)ဂရိပွဲမှာ သွင်းယူခဲ့တာပါ။ အဲဒီပွဲက ယူရို-၂၀၀၄ အဖွင့်ပွဲဖြစ်ပြီး ဒီပြိုင်ပွဲမှာ ပေါ်တူဂီအသင်းဗိုလ်မစွဲခဲ့ပေမယ့် သူက အကောင်းဆုံးခြေစွမ်းပြပြီး အကောင်းဆုံးအသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။

စီရော်နယ်ဒိုအနေနဲ့ ၂၀၀၄ ခုနှစ်ကတည်းက ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် နှစ်စဉ် ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး အိုင်ယာလန်နဲ့ပွဲက သွင်းဂိုး(၂)ဂိုးဟာ ဒီနှစ်အတွင်း သူ ပထမဆုံးသွင်းယူခဲ့တဲ့ နိုင်ငံတကာသွင်းဂိုးတွေဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲ(၂၀၇)ပွဲကစားထားပြီး (၁၃၀)ဂိုးသွင်းယူထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *