အသင်းထွက်ခွင့်လျော်ကြေး ပေါင် တစ်ဘီလီယံတန်ကစားသမား စာရင်းထဲမှာ ပါဝင်လာတဲ့ ဘယ်လင်ဂမ်

0

ရီးရဲလ်မက်ဒရစ်အသင်းရဲ့အင်္ဂလန်ကွင်းလယ်လူဘယ်လင်ဂမ်ဟာ သူ့ရဲ့စာချုပ်ပါအချက်အလက်တွေအရ အသင်းထွက်ခွင့်လျော်ကြေးငွေအများဆုံးကစားသမားစာရင်းမှာ ပါဝင်နေကြောင်း သိရပါတယ်။

ဘယ်လင်ဂမ်ကို ခေါ်ယူလိုတဲ့ အသင်းအနေနဲ့ လျော်ကြေးငွေ ယူရိုတစ်ဘီလီယံပေးရမယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းက စာချုပ်မှာ ထည့်သွင်းချုပ်ဆိုထားတာပါ။

ချန်ပီယံလိဂ်ဖလားနဲ့အတူ အောင်ပွဲခံနေတဲ့ ဘယ်လင်ဂမ်

လာလီဂါကလပ်အသင်းတွေအနေနဲ့ သူတို့ရဲ့အရည်အသွေးရှိကစားသမားတွေကို မဆုံးရှုံးစေဖို့အတွက် အသင်းထွက်ခွင့်လျော်ကြေးငွေ(release clause)တွေကို မြောက်မြားစွာ မြင့်တင်ပြီး ချုပ်ဆိုတတ်ကြတာ အစဉ်အလာတစ်ခုလို ဖြစ်နေပါတယ်။

လက်ရှိမှာ ရီးရဲလ်မက်ဒရစ်အသင်းက ဗင်နီစီယပ်စ်၊ ကာမာဗင်ဂါအစရှိတဲ့ ကစားသမားတွေကို ယူရိုတစ်ဘီလီယံတန် လျော်ကြေးပါဝင်တဲ့ စာချုပ်တွေ ချုပ်ဆိုထားသလို၊ ဘာစီလိုနာအသင်းကလည်း ပက်ဒရီ၊ ဂါဗီ၊ ဖယ်ရန်တောရက်စ်၊ အန်ဆုဖာတီ၊ အရူဂျို အစရှိတဲ့ကစားသမားတွေကို ယူရိုတစ်ဘီလီယံတန် လျော်ကြေးပါဝင်တဲ့ စာချုပ်တွေ ချုပ်ဆိုထားပါတယ်။

အခု ဘယ်လင်ဂမ်ကလည်း ဒီလို အသင်းထွက်ခွင့်လျော်ကြေးတန်ဖိုးမြင့်မားတဲ့ ကစားသမားစာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘယ်လင်ဂမ်ကို ပေါင်(၁၁၃)သန်း(ယူရို သန်း၁၅၀) နဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး ပထမဆုံးရာသီမှာပဲ ခြေစွမ်းပြပြီး အသင်းအတွက် အောင်မြင်မှုတွေရယူပေးနိုင်ခဲ့လို့ သူ့အနေနဲ့ ဈေးကွက်တန်ဖိုး ပိုမိုမြင့်မားတဲ့ ကစားသမားတစ်ဦးဖြစ်နေပါတယ်။

လက်ရှိမှာ ဘယ်လင်ဂမ်ရဲ့ဈေးကွက်တန်ဖိုးကို Transfermarkt က ယူရိုသန်း(၁၈၀)သတ်မှတ်ထားကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *