အီတလီ လူမျိုးနည်းပြအများဆုံး ပါဝင်ယှဉ်ပြိုင်မယ့် ယူရို-၂၀၂၄ ပြိုင်ပွဲ

0

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အီတလီလူမျိုးနည်းပြတွေက အရေအတွက်အများဆုံးအဖြစ် (၅)ဦးအထိ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲဝင်အသင်းတွေထဲမှာ လက်ရှိချန်ပီယံ အီတလီလက်ရွေးစင်အသင်းကို ကိုင်တွယ်နေတဲ့ နည်းပြစပယ်လက်တီအပြင် အခြားအသင်း(၄)သင်းကိုလည်း အီတလီလူမျိုးနည်းပြတွေက တာဝန်ယူ ကိုင်တွယ်နေတာပါ။

ဆလိုဗက်ကီးယားအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြ ဖရန်ဆက်စကိုကာဇိုလာ(၅၅ နှစ်)၊ တူရကီအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြ ဗင်းဆင့်ဇိုမွန်တဲလား(၄၉ နှစ်)၊ ဘယ်လ်ဂျီယံအသင်းကို ကိုင်တွယ်နေတဲ့နည်းပြ ဒိုမီနီကိုတီဒက်စ်ကို(၃၈ နှစ်)၊၊ ဟန်ဂေရီအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြမာကိုရော့စီ(၅၉ နှစ်)အစရှိသူတို့က အီတလီလူမျိုးနည်းပြတွေ ဖြစ်ကြတာပါ။

အီတလီလူမျိုးနည်းပြတွေနောက် ဒုတိယအများဆုံးကတော့ ပြင်သစ်၊ ဂျာမနီ၊ စပိန်လူမျိုးနည်းပြတွေဖြစ်ပြီး (၂)ဦးစီပါဝင်ကြမှာဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒေးရွှမ့်အပြင် ဂျော်ဂျီယာအသင်းနည်းပြ ဝီလီဆစ်ညောကလည်း ပြင်သစ်လူမျိုးနည်းပြဖြစ်ပါတယ်။

ဂျာမန်လက်ရွေးစင်အသင်းနည်းပြ နာဂယ်စမန်းအပြင် သြစတြီးယားအသင်းနည်းပြ ရန်းနစ်ခ်ကလည်း ဂျာမန်လူမျိုးနည်းပြဖြစ်ပါတယ်။

စပိန်လက်ရွေးစင်အသင်းနည်းပြ ဒယ်လာဖြူယန်တေးအပြင် ပေါ်တူဂီအသင်းနည်းပြ ရော်ဘတ်တိုမာတီနက်ဇ်ကလည်း စပိန်လူမျုးိနည်းပြဖြစ်ပါတယ်။

ဥရောပတိုက်က ယူရိုပြိုင်ပွဲမှာ ဥရောပအသင်းတစ်သင်းကို တာဝန်ယူရမယ့် ဥရောပပြင်ပက နည်းပြတစ်ဦးလည်းရှိနေပါတယ်။ သူကတော့ ဘရာဇီးလ်လူမျိုးနည်းပြ ဆယ်လ်ဗင်ညိုဖြစ်ပြီး အယ်လ်ဘေးနီးယားအသင်းကို တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်း(၂၄)သင်းကို နိုင်ငံ(၁၇)ခုက နည်းပြတွေက ကိုင်တွယ်သွားမှာဖြစ်ပြီး အီတလီလူမျိုးနည်းပြတွေကတော့ သိသိသာသာလွှမ်းမိုးနေတယ်လို့ ဆိုရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *