ယူရိုပြိုင်ပွဲတစ်လျှောက် အမြန်ဆုံးဂိုးသွင်းခဲ့တဲ့ အယ်လ်ဘေးနီးယားကစားသမား ဘရာမီ

0

ယူရို- ၂၀၂၄ ပြိုင်ပွဲမှာ Group of Death အဖြစ် သတ်မှတ်ခံထားရတဲ့ အုပ်စု -B ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အီတလီ(၂-၁)အယ်လ်ဘေးနီးယားပွဲမှာ ပြိုင်ပွဲရဲ့ထူးခြားတဲ့ စံချိန်မှတ်တမ်းတစ်ခုကို အယ်လ်ဘေးနီးယား တောင်ပံကစားသမားဘရာမီက တင်နိုင်ခဲ့ပါတယ်။

ပွဲစပြီး (၂၂)စက္ကန့်အကြာမှာပဲ ဘရာမီသွင်းယူခဲ့တဲ့ဦးဆောင်ဂိုးဟာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အမြန်ဆုံးဂိုးအဖြစ်စံချိန်တင်ခဲ့တာပါ။

အယ်လ်ဘေးနီးယားအသင်းက စပေးဘော ပေးပြီးပြီးချင်း ရှေ့ကို ကန်တင်ရာမှာ ဘေးထွက်ဘောဖြစ်သွားခဲ့ပါတယ်။ ဒီဘေးထွက်ဘောကို အီတလီနောက်ခံလူဒီမာကိုက လက်ပစ်ဘောပစ်ပေးရာမှာ ဘရာမီက အခွင့်အရေးယူပြီး အီတလီဂိုးပေါက်ထဲကို ကန်သွင်းခဲ့တာပါ။

ဒီဂိုးက အရင်စံချိန်တင်ထားတဲ့ ရုရှားတိုက်စစ်မှူးကီရီချန်ကိုရဲ့စံချိန်(၆၇ စက္ကန့်)ကို ရိုက်ချိုးပြီး စံချိန်သစ်တင်ခဲ့ပါတယ်။ ကာချန်ကိုက ယူရို – ၂၀၀၄ပြိုင်ပွဲ ရုရှား-ဂရိပွဲမှာ ပွဲစပြီး (၁)မိနစ်ကျော်မှာပဲ ဂိုးသွင်းယူခဲ့တာပါ။

ကာချန်ကိုရဲ့ဂိုးဟာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အမြန်ဆုံးဂိုးစံချိန်ကိုဆယ်စုနှစ်(၂)ခု ကြာတင်ထားနိုင်ခဲ့ပြီး အခုမှ ဘရာမီက ဒီစံချိန်ကို (၄၅)စက္ကန့်အသာနဲ့ ရိုက်ချိုးနိုင်ခဲ့တာပါ။

ဒါပေမယ့် ဒီပွဲမှာ အီတလီအသင်းက ဘတ်စတိုနီ(၁၁ မိနစ်)၊ ဘာရယ်လာ(၁၆ မိနစ်)တို့က ချေပဂိုး၊ အနိုင်ဂိုးတွေ ပြန်သွင်းခဲ့လို့ အယ်လ်ဘေးနီးယားအသင်းအနေနဲ့ စံချိန်ကောင်းရပေမယ့် ရှုံးပွဲနဲ့ တာထွက်ခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *