ပိုလန်နဲ့ ပွဲမှာ ရော်နယ်ကိုးလ်မန်း နှာချေးနှိုက်စားခဲ့သလား

0

မနေ့က ပိုလန်(၁-၂)နယ်သာလန် ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်မှာ နယ်သာလန်အသင်းနည်းပြ ရော်နယ်လ်ကိုးမန်းဟာ နှာခေါင်းနှိုက်ပြီး လက်ကိုပါးစပ်ထဲထည့်တဲ့ ရုပ်သံဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားခဲ့ပါတယ်။

ဒီပွဲမှာ နယ်သာလန်အသင်းဟာ လူစားဝင်တိုက်စစ်မှူး ဝက်ဂ်ဟောက်စ်ရဲ့သွင်းဂိုးနဲ့ ပိုလန်အသင်းကို အနိုင်ရခဲ့ပေမယ့် ရော်နယ်လ်ကိုးမန်းရဲ့လုပ်ရပ်က ပိုပြီးလူပြောများခဲ့တာပါ။

ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ရုပ်သံဖိုင်မှာ ရော်နယ်လ်ကိုးမန်းဟာ နှာခေါင်းကို ပွတ်နေရင်း နှာခေါင်းထဲကို လက်နဲ့ နှိုက်ခဲ့ပြီးနောက် ဒီလက်ကို သူ့ပါးစပ်ထဲထည့်ခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာလည်း ရော်နယ်လ်ကိုးမန်းဟာ သူ့ရဲ့လက်ကို နှာခေါင်းနဲ့သုတ်လိုက် လျှာနဲ့လျက်ကြည့်လိုက် ပြုလုပ်ခဲ့တာပါ။ ပရိသတ်တစ်ဦးက ဒီရုပ်သံဖိုင်နဲ့အတူ ရော်နယ်လ်ကိုးမန်း ဘာတွေလုပ်နေတာလဲဆိုပြီး ရေးသားထားတဲ့ စာသားနဲ့ အန်နေတဲ့အီမိုဂျီကို သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ကိုးမန်းမတိုင်ခင်က ဂျာမနီအသင်းနည်းပြဟောင်း ဂျိုအာချင်လိုဆိုရင် သူ့ရဲ့နှာခေါင်းကို နှိုက်ပြီး ပါးစပ်ထဲထည့်တာရှိခဲ့သလို ဒီထက်ပိုဆိုးတာက သူ့ရဲ့ဘောင်းဘီထဲ လက်နှိုက်ပြီး ဒီလက်ကို နမ်းရှုံနေတဲ့ ရုပ်သံဖိုင်တွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ အခုထိလူပြောများနေတာပါ။

နယ်သာလန်အသင်းကို ဒုတိယအကြိမ်မြောက်အဖြစ် ကိုင်တွယ်နေတဲ့ ရော်နယ်လ်ကိုးမန်းဟာ ယူရို-၂၀၂၄ အုပ်စုအဖွင့်ပွဲစဉ်မှာ နိုင်ငံအသင်းကို (၃)မှတ်စတင်ယူပေးနိုင်ခဲ့ပါတယ်။

နယ်သာလန်အသင်းဟာ အုပ်စုဒုတိယမြောက်ပွဲစဉ်အဖြစ် ဇွန်(၂၁)ရက်မှာ ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *