ဩစတြီးယားကို ပြင်သစ်ခက်ခက်ခဲခဲအနိုင်ယူခဲ့ပြီး ရိုမေနီးယား၊ ဆလိုဗက်ကီးယားတို့ နိုင်ပွဲရခဲ့တဲ့ ယူရို

0

သြစတြီးယား (ဝ-၁)ပြင်သစ်
ရိုမေးနီးယား(၃-ဝ)ယူကရိန်း
ဘယ်လ်ဂျီယံ(ဝ-၁)ဆလိုဗက်ကီးယား
(ယူရို ၂၀၂၄ အုပ်စုပွဲများ)

ဂျာမန်လူမျိုးနည်းပြ ရန်းနစ်ခ်လက်ထဲမှာ အသင်းကောင်းတစ်သင်းဖြစ်လာတဲ့ သြစတြီးယားက ပြင်သစ်အသင်းကို ခက်ခဲစေလိမ့်မယ်လို့ ကြိုတင်ခန့်မှန်းမှုတွေရှိခဲ့တဲ့အတိုင်း တကယ့်လက်တွေ့မှာလည်း ပြင်သစ်အသင်း ဒီပွဲအနိုင်ရဖို့ အတော်အားထုတ်လိုက်ရတယ်။

သြစတြီးယားအသင်းကတော့ ဘောလုံးကို ပိုကိုင်ကစားနိုင်ခဲ့ပြီး ပြင်သစ်ဂိုးပေါက်ကို ထိရောက်တဲ့ ခြိမ်းခြောက်မှု (၃)ကြိမ်လောက်လုပ်နိုင်ခဲ့တယ်။ ဒီပွဲမှာ ပြင်သစ်အသင်းဂိုးသမားမိုင်နန် အကောင်းဆုံးလက်စွမ်းနဲ့ ကာကွယ်သွားလို့သာ ပြင်သစ်အနေနဲ့ ပွဲဦးမှာ ဒုက္ခမတွေ့ခဲ့ရတာဖြစ်တယ်။

ပြင်သစ်အသင်းရဲ့တိုက်စစ်ဆင်မှုတွေကိုလည်း သြစတြီးယားနောက်တန်းနဲ့ ဂိုးသမားက ကာကွယ်နိုင်ခဲ့ပေမယ့် ပွဲချိန်(၃၈)မိနစ်မှာ ပြင်သစ်အသင်းရခဲ့တဲ့ တစ်လုံးတည်းသောဂိုးကတော့ သြစတြီးယားနောက်ခံလူ ဝိုဘာရဲ့ ခေါင်းတိုက်ဖျက်ထုတ်မှုကနေOwn Goal သွင်းမိသွားခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ပြင်သစ်တိုက်စစ်မှူးဂရီးဇ်မန်းနဲ့ ဘာပေတို့ ဦးခေါင်းဒဏ်ရာတွေ အသီးသီးရခဲ့ကြတယ်။

ဒီပွဲမတိုင်ခင်ကစားခဲ့တဲ့ ပွဲ(၂)ပွဲကတော့ Upset ရလဒ်တွေကို ထွက်စေခဲ့တယ်။ ရိုမေးနီးယားက ယူကရိန်းကို (၃)ဂိုးပြတ်နိုင်တယ်။ ဆလိုဗက်ကီးယားက ဘယ်လ်ဂျီယံကို (၁-ဝ)ဂိုးနဲ့နိုင်တယ်။

ယူရိုမှာ ဘယ်အသင်းမှ လျှော့တွက်လို့မရဘူးဆိုတာကို ရိုမေးနီးယားနဲ့ ဆလိုဗက်ကီးယားက စတင်ပြသလိုက်တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *