နောက်ဆုံးကျင်းပတဲ့ အဓိက နိုင်ငံတကာပြိုင်ပွဲကြီး (၆)ခုဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမား

0

မနေ့က ကစားခဲ့တဲ့ ယူရို-၂၀၂၄ အုပ်စု(A)ပွဲစဉ် စကော့တလန်(၁-၁)ဆွစ်ဇာလန်ပွဲမှာ ဆွစ်ဇာလန်အသင်းအတွက် ချေပဂိုးသွင်းပေးခဲ့တဲ့ ကွင်းလယ်လူရှာကီရီဟာ နောက်ဆုံးကျင်းပထားတဲ့ အဓိကနိုင်ငံတကာပြိုင်ပွဲကြီး(၆)ခုဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။

ရှာကီရီဟာ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ(၃)ကြိမ်ဆက်တိုက်နဲ့ နောက်ဆုံးယူရိုပြိုင်ပွဲ(၃)ကြိမ်ဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တာပါ။

ရှာကီရီဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲက စပြီး အဓိကနိုင်ငံတကာပြိုင်ပွဲကြီး(၂)ခုမှာ ဆက်တိုက်ဂိုးတွေသွင်းယူခဲ့တာဖြစ်ပြီး သူ့ရဲ့သွင်းဂိုးစုစုပေါင်း(၁၀)ဂိုးအထိ ရှိနေပါတယ်။

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲတွေမှာ (၃)ဂိုးစီသွင်းနိုင်ခဲ့ပြီး၊ ယူရို-၂၀၁၆၊ ၂၀၁၈ ကမ္ဘာ့ဖလား၊ ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ လက်ရှိယူရို-၂၀၂၄ ပြိုင်ပွဲတွေမှာ (၁)ဂိုးစီသွင်းယူနိုင်ခဲ့တာပါ။

တကယ်လို့ လက်ရှိကျင်းပနေတဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပေါ်တူဂီတိုက်စစ်မှူးစီရော်နယ်ဒို ဂိုးသွင်းခဲ့ရင် ရှာကီရီရဲ့မှတ်တမ်းထက်သာတဲ့ နောက်ဆုံးနိုင်ငံတကာပြိုင်ပွဲကြီး(၁၁)ကြိမ်ဆက်တိုက်ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်မှာပါ။

ရှာကီရီက ၂၀၁၄ ကမ္ဘာ့ဖလားမှစပြီး ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ယူရိုပြိုင်ပွဲမှာ ဂိုးတွေဆက်တိုက်သွင်းနေတာဖြစ်ပေမယ့် စီရော်နယ်ဒိုကတော့ ယူရို-၂၀၀၄ ပြိုင်ပွဲကတည်းက ဒီပြိုင်ပွဲ(၂)ခုမှာ ဆက်တိုက်ဂိုးတွေသွင်းယူနေတာဖြစ်ပြီး စုစုပေါင်း(၂၂)ဂိုးသွင်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *