(၁၀၈)နှစ်သက်တမ်းရှိ ကိုပါအမေရိကပြိုင်ပွဲမှာ ပွဲအများဆုံးစံချိန်သစ် စိုက်ထူခဲ့တဲ့ မက်ဆီ

0

အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီဟာ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ အဖွင့်ပွဲစဉ် ကနေဒါအသင်းနဲ့ပွဲမှာ ပါဝင်ကစားပြီးတဲ့နောက် ပြိုင်ပွဲသမိုင်းတစ်လျှောက် အရေးပါတဲ့စံချိန်မှတ်တမ်းတစ်ခုကို ရယူနိုင်ခဲ့ပါတယ်။

မက်ဆီဟာ သက်တမ်း(၁၀၈)နှစ်ရှိနေပြီဖြစ်တဲ့ ကိုပါအမေရိကပြိုင်ပွဲမှာ ပွဲအများဆုံးစံချိန်ကို ရိုက်ချိုးပြီး စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

အရင်က မက်ဆီအနေနဲ့ကိုပါအမေရိကပြိုင်ပွဲမှာ (၃၄)ပွဲကစားပြီး ချီလီဂန္ထဝင်ဂိုးသမား လစ်ဗစ်စတုန်းနဲ့ ပူးတွဲစံချိန်တင်ထားတာပါ။

လစ်ဗစ်စတုန်းဟာ ချီလီလက်ရွေးစင်အသင်းမှာ ၁၉၄၁ ခုနှစ်ကနေ ၁၉၅၉ ခုနှစ်အထိကစားခဲ့သူဖြစ်ပြီး ကိုပါအမေရိကပြိုင်ပွဲ(၇)ကြိမ်တိုင်ကစားခဲ့သူပါ။

လစ်ဗင်းစတုန်းတင်ထားတဲ့ နှစ်ပေါင်း(၆၅)နှစ်ကြာတင်ထားခဲ့တဲ့ ဒီစံချိန်ကိုအခု မက်ဆီက တစ်ပွဲအသာ(၃၅)ပွဲနဲ့ ရိုက်ချိုးနိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီကိုယ်တိုင်လည်း ကိုပါအမေရိကပြိုင်ပွဲမှာ ၂၀၀၇ ခုနှစ်ပြိုင်ပွဲကတည်းက စတင်ကစားခဲ့တာဖြစ်ပြီး ဒီနှစ်ပြိုင်ပွဲဟာ သူ့အတွက် (၇)ကြိမ်မြောက်ပြိုင်ပွဲဖြစ်ပါတယ်။

အခုနောက်ပိုင်းပြိုင်ပွဲတွေက အရင်ခေတ်ပြိုင်ပွဲတွေထက် ပွဲအရေအတွက်ပိုများတာကြောင့် လစ်ဗင်းစတုန်းနဲ့ မက်ဆီ ပြိုင်ပွဲအရေအတွက်ချင်းတူပေမယ့် မက်ဆီက ပွဲအရေအတွက် ပိုများခဲ့တာဖြစ်ပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းဗိုလ်လုပွဲတက်ပြီး ပွဲတိုင်းပါဝင်ဖြစ်ခဲ့ရင် မက်ဆီရဲ့ပွဲအရေအတွက်က (၄၁)ပွဲအထိ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *