ကိုပါအမေရိကပြိုင်ပွဲမှာ ဘယ်အသင်းတွေ ဗိုလ်စွဲဖို့ ဘယ်လောက်ရေပန်းစားသလဲ

0

၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းအဖြစ် လက်ရှိချန်ပီယံအာဂျင်တီးနားအသင်းက ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။

အာဂျင်တီးနားအသင်းဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံ(၁၅)ကြိမ်၊ ဒုတိယ(၁၄)ကြိမ်နဲ့ အအောင်မြင်ဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ထားတဲ့အသင်းလည်းဖြစ်ပါတယ်။

ဘွတ်ကီဒိုင်အများစုက အာဂျင်တီးနားဗိုလ်စွဲမယ့်လောင်းကြေးကို (၇/၄)(၂/၁)အစရှိသဖြင့် ပေးထားကြပါတယ်။

အာဂျင်တီးနားရဲ့နောက်မှာ ဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်းတွေအဖြစ် ဘရာဇီးလ်၊ ဥရုဂွေး၊ ကိုလံဘီယာတို့ ရပ်တည်နေပြီး ဒီနှစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပတဲ့ အမေရိကန်က ဒီအသင်းတွေနောက်မှာ ရှိနေပါတယ်။

ဘရာဇီးလ်အသင်းကို အာဂျင်တီးနားနဲ့ မကွာတဲ့ကြေးအဖြစ် (၉/၄)ပေးထားပြီး ဒီနှစ်သင်းနဲ့ ကျန်အသင်းတွေအကြား ဗိုလ်စွဲဖို့ အလေးပေးချက်က ကွာခြားလွန်းနေပါတယ်။

ဘရာဇီးလ်အသင်းက အာဂျင်တီးနားမတိုင်မီ ၂၀၁၉ ခုနှစ်ပြိုင်ပွဲမှာ နောက်ဆုံးဗိုလ်စွဲခဲ့တဲ့အသင်းဖြစ်ပြီး ဒီပြိုင်ပွဲရဲ့အအောင်မြင်ဆုံးအသင်းစာရင်းမှာ အာဂျင်တီးနား၊ ဥရုဂွေးအသင်းတို့နောက် တတိယနေရာမှာ ရပ်တည်နေတဲ့အသင်းလည်းဖြစ်ပါတယ်။

၂၀၂၄ ကိုပါအမေရိကမှာ ဗိုလ်စွဲဖို့

ရေပန်းအစားဆုံး အသင်းများ

■ အာဂျင်တီးနား – (၇/၄)
■ ဘရာဇီးလ် – (၉/၄)
■ ဥရုဂွေး – (၅/၁)
■ ကိုလံဘီယာ – (၁၀/၁)
■ အမေရိကန် – (၁၂/၁)
■ မက္ကဆီကို – (၁၆/၁)
■ အီကွေဒေါ – (၁၆/၁)

ကိုပါအမေရိကမှာ

အအောင်မြင်ဆုံးအသင်းများ

■ အာဂျင်တီးနား – ချန်ပီယံ(၁၅)ကြိမ်၊ ဒုတိယ(၁၄)ကြိမ်
■ ဥရုဂွေး – ချန်ပီယံ(၁၅)ကြိမ်၊ ဒုတိယ(၆)ကြိမ်
■ ဘရာဇီးလ် – ချန်ပီယံ(၉)ကြိမ်၊ ဒုတိယ(၁၂)ကြိမ်
■ ပါရာဂွေး – ချန်ပီယံ(၂)ကြိမ်၊ ဒုတိယ(၆)ကြိမ်
■ ချီလီ – ချန်ပီယံ(၂)ကြိမ်၊ ဒုတိယ(၄)ကြိမ်

Leave a Reply

Your email address will not be published. Required fields are marked *