ယူရို သက်တမ်းတစ်လျှောက် Own Goal စံချိန်တင်မလားစောင့်ကြည့်ရမယ့် ယူရို-၂၀၂၄

0

ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ပြိုင်ပွဲတစ်ခုအတွင်း Own Goal အများဆုံးစံချိန်တင်ခဲ့တာက ပြီးခဲ့တဲ့ ယူရို-၂၀၂၀ မှာဖြစ်ပါတယ်။ ကစားခဲ့တဲ့ စုစုပေါင်း(၅၁)ပွဲမှာ Own Goal (၁၁)ဂိုးအထိ ရှိခဲ့တာပါ။

ဒီပြိုင်ပွဲမတိုင်ခင်က ပြိုင်ပွဲတစ်ခုအတွင်း Own Goal အများဆုံးစံချိန်တင်ခဲ့တာက (၃)ဂိုးသာဖြစ်ပြီး ယူရို-၂၀၁၆ မှာ ဖြစ်ပါတယ်။ ဒါကို ယူရို-၂၀၂၀ မှာ (၈)ဂိုးအသာနဲ့ စံချိန်သစ်(၁၁) ဂိုးဖြစ်ခဲ့တာပါ။

အခုတော့ ယူရို-၂၀၂၄ ပြိုင်ပွဲက ယူရို-၂၀၂၀ ရဲ့ Own Goal စံချိန်ကို
ရိုက်ချိုးမလားဆိုတာ စောင့်ကြည့်စရာဖြစ်လာပါပြီ။

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ကစားခဲ့တဲ့ စုစုပေါင်း(၅၁)ပွဲမှာ (၁၁)ဂိုးအထိ ရှိခဲ့တာကြောင့် တစ်ပွဲပျမ်းမျှ Own Goal သွင်းနှုန်းက (ဝ.၂၂)ဂိုးဖြစ်ပါတယ်။

လက်ရှိ ယူရို-၂၀၂၄ ပြိုင်ပွဲမှာတော့ ဇွန်(၂၀)ရက်နေ့အထိ အုပ်စုပွဲ စုစုပေါင်း(၁၈)ပွဲကစားအပြီးမှာပဲ Own Goal (၅)ဂိုးရှိနေပါပြီ။ အုပ်စုအဖွင့်ပွဲဖြစ်တဲ့ ဂျာမနီ(၅-၁)စကော့တလန်ပွဲမှာပဲ ဂျာမနီနောက်ခံလူ ရူဒီဂါရဲ့Own Goal ကို စတင်မြင်တွေ့ခဲ့ရပြီး မနေ့က နောက်ဆုံးပွဲစဉ် စပိန်(၁-ဝ)အီတလီပွဲမှာလည်း စပိန်အသင်းရဲ့အနိုင်ဂိုးက အီတလီနောက်ခံလူကာလာဖီအိုရီရဲ့Own Goal ဖြစ်ခဲ့တာပါ။

ကာလာဖီအိုရီရဲ့Own Goal ဟာ ဒီပြိုင်ပွဲရဲ့ (၅)လုံးမြောက် Own Goal ဖြစ်ခဲ့ပြီး ကျန် Own Goal တွေကိုတော့ ပြင်သစ်(၁-ဝ)သြစတြီးယားပွဲမှာ ဝိုဘာ(သြစတြီးယား)၊ ပေါ်တူဂီ(၂-၁)ချက်ပွဲမှာ ဟရာနက်(ချက်)၊ ခရိုအေးရှား(၂-၂)အယ်လ်ဘေးနီးယားပွဲမှာ ဂျာဆူလာ(အယ်လ်ဘေးနီးယား) တို့က သွင်းယူခဲ့တာပါ။

လက်ရှိ ကစားထားတဲ့ အုပ်စု(၁၈)ပွဲမှာ Own Goal (၅)ဂိုးသွင်းထားတာကြောင့် ယူရို-၂၀၂၄ပြိုင်ပွဲရဲ့တစ်ပွဲပျမ်းမျှ Own Goal သွင်းနှုန်းက (ဝ.၂၈)ဂိုးအထိရှိနေပြီး ယူရို-၂၀၂၀ ထက် သိသိသာသာပိုများနေပါတယ်။

ဒီနှုန်းအတိုင်းသွားရင် ပြိုင်ပွဲပြီးချိန်မှာ Own Goal က (၁၄)ဂိုးအထိရောက်ရှိနိုင်လို့ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် Own Goal စံချိန်ကို ရိုက်ချိုးမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *