ဒိုလေးကဆိုးတော့ဆိုးတယ် .. ခြေသည်းနီ

0

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုအနေနဲ့ ဘယ်လောက်ကောင်းတဲ့ ကစားသမားဖြစ်ပါစေ … သူ့မှာ ဆိုးတာတစ်ခုတော့ရှိပါတယ်။

ခြေသည်းနီပါ။

စီရော်နယ်ဒိုဟာ ဘောလုံးပွဲတွေမှာကစားရင်ဖြစ်ဖြစ်၊ လေ့ကျင့်ခန်းဆင်းရင်ဖြစ်ဖြစ်ခြေသည်းနီ အမြဲဆိုးလေ့ရှိပါတယ်။

ဒီလို ခြေသည်းနီဆိုးတယ်ဆိုလို့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဒိုလေးကို ဖုန်းကညာတစ်ပါး၊ လုံးရာက ပြားချင်နေပြီလို့မထင်ပါနဲ့။

သူ့အနေနဲ့ မိန်းမစိတ်ဝင်လို့ ခြေသည်းနီဆိုးတာ မဟုတ်ဘဲ သူ့ရဲ့ခြေသည်းတွေကို ကာကွယ်ဖို့အတွက်ဖြစ်ပါတယ်။

ချွေးတွေနဲ့ ရွှဲနစ်နေတဲ့ ဖိနပ်ဝတ်ဆင်ကစားတဲ့အခါ ခြေသည်းတွေမှာ မှိုစွဲကပ်ပြီး ပိုးဝင်တာမျိုးဖြစ်တတ်ပါတယ်။

ဒီလိုမဖြစ်အောင် ဒိုလေးက ခြေသည်းတွေကို ခြေသည်းနီဆိုးကာကွယ်တာဖြစ်ပါတယ်။

ဒိုလေးတင်မကဘဲ အခြားပရော်ဖက်ရှင်နယ်အားကစားသမားတချို့လည်း ဒီလိုပြုလုပ်တတ်တဲ့အမူအကျင့်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *