ဘရာဇီးလ် ပွဲမတိုင်ခင် လမ်းဘေးစျေးသည်ဆီက ဘရာဇီးလ်အင်္ကျီ ဝယ်ယူခဲ့တဲ့ နေမာ

0

ဒီမနက်ပိုင်းက ဘရာဇီးလ်(ဝ-ဝ)ကော်စတာရီကာ ကိုပါအမေရိကဖလားပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်မတိုင်ခင်မှာ ဘရာဇီးလ်အသင်းကြယ်ပွင့် နေမာဟာ မီးပွိုင့်မှာ ကားရပ်ပြီး လမ်းဘေးဈေးသည်ဆီကနေ ဘရာဇီးလ်အသင်းအင်္ကျီကိုဝယ်ယူခဲ့ပါတယ်။

နေမာဟာ ဒဏ်ရာကြောင့် ကိုပါအမေရိကဖလားပြိုင်ပွဲမှာ မပါဝင်နိုင်ခဲ့ပေမယ့် ဘရာဇီးလ်အသင်းကို အားပေးမှုပြုလုပ်ဖို့ ပြိုင်ပွဲကျင်းပနေတဲ့ အမေရိကန်နိုင်ငံမှာ ရှိနေခဲ့တာပါ။

နေမာဟာ ဘရာဇီးလ်အသင်းနဲ့ ကော်စတာရီကာအသင်းတို့ပွဲမတိုင်ခင် လမ်းဘေးဈေးသည်ဆီကနေ ဘရာဇီးလ်အသင်းအင်္ကျီဝယ်ယူခဲ့တဲ့ ရုပ်သံဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံသွားခဲ့တာဖြစ်ပါတယ်။

ရုပ်သံဖိုင်ထဲမှာ နေမာဟာ ဘရာဇီးလ်အသင်းအင်္ကျီလိုချင်တဲ့အကြောင်းကို လမ်းဘေးစျေးသည်တစ်ဦးကို ကားပေါ်ကနေ အော်ပြီးပြောခဲ့တာပါ။ လမ်းဘေးစျေးသည်ဟာ ဘရာဇီးလ်အသင်းအင်္ကျီကို ယူဆောင်ပြီး ပြေးလာကာ ပေးခဲ့ပြီးမှ နေမာဖြစ်နေမှန်းသိခဲ့တာဖြစ်ပါတယ်။

အဆိုပါ လမ်းဘေးစျေးသည်ဟာ ပျော်ရွှင်ပြီး နောက်ထပ်ဘရာဇီးလ်အသင်းအင်္ကျီကို သွားယူလာပြီးနောက်မှာ တခြားလမ်းဘေးစျေးသည်တွေဟာ နေမာဆီကို ရောက်ရှိလာခဲ့ကြကာ ဆယ်လ်ဖီရိုက်၊လက်မှတ်ထိုးတာတွေ ပြုလုပ်သွားခဲ့တာပါ။

နေမာဟာ ဘရာဇီးလ်အသင်းနဲ့ ကော်စတာရီကာအသင်းတို့ပွဲစဉ်ကို ပွဲကြည့်စင်အပေါ်ကနေ အားပေးခဲ့ပြီး ခြေစွမ်းအပေါ် အားမလိုအားမရဖြစ်နေတဲ့ မြင်ကွင်းတွေကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ ဒီပြိုင်ပွဲမတိုင်ခင်က ဗိုလ်စွဲဖို့ ရေပန်းစားတဲ့အသင်းတွေထဲမှာ တစ်သင်းအပါအဝင်ဖြစ်ပေမယ့် ကော်စတာရီအသင်းကို ဂိုးမရှိသရေကစားခဲ့တာကြောင့် ပရိသတ်တွေက စိတ်ပျက်နေကြပါတယ်။ ဘရာဇီးလ်အသင်းဟာ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဇွန်(၂၉)ရက်မှာ ပါရာဂွေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *