ယူရိုပြိုင်ပွဲတစ်လျှောက် အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ် စံချိန်သစ်တင်ခဲ့တဲ့ မိုဒရစ်

0

မနေ့က ကစားခဲ့တဲ့ ယူရို-၂၀၂၄ အုပ်စု(B)ပွဲစဉ် ခရိုအေးရှား(၁-၁)အီတလီပွဲမှာ ဦးဆောင်ဂိုးသွင်းယူခဲ့တဲ့ ခရိုအေးရှားဝါရင့်ကွင်းလယ်လူမိုဒရစ်ဟာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

ဒီပွဲကစားတဲ့ မနေ့က (ဇွန်၂၄ ရက်နေ့မှာ) မိုဒရစ်ရဲ့အသက်ဟာ (၃၈)နှစ်(၂၈၉)ရက်ရှိနေပြီး ယူရို(၂၀၀၈)ပြိုင်ပွဲမှာ စံချိန်တင်ခဲ့တဲ့ သြစတြီးယားကစားသမား ဗက်စ်တစ်ရဲ့(၃၈)နှစ်(၂၅၇)ရက်စံချိန်ကို (၃၂)ရက်အသာနဲ့ ရိုက်ချိုးနိုင်ခဲ့တာပါ။

မိုဒရစ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပေါ်တူဂီကစားသမား(၂)ဦးဖြစ်တဲ့ နောက်ခံလူပေပေနဲ့ တိုက်စစ်မှူးစီရော်နယ်ဒိုတို့အပြီး တတိယအသက်အကြီးဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ထားသူပါ။

တကယ်လို့ ဒီပြိုင်ပွဲမှာ အသက်(၄၁)နှစ်(၃)လအရွယ်ပေပေနဲ့ အသက်(၃၉)နှစ်(၄)လအရွယ် ရော်နယ်လ်ဒိုတို့ ဂိုးသွင်းခဲ့ရင်တော့ မိုဒရစ်ရဲ့စံချိန်ကို ကျော်ဖြတ်သွားမှာဖြစ်ပါတယ်။

မိုဒရစ်ဟာ ယူရိုပြိုင်ပွဲမှာ ခရိုအေးရှားအသင်းရဲ့အသက်အကြီးဆုံးကစားသမားအဖြစ်ရော၊ အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ်ပါ စံချိန်မှတ်တမ်းရေးထိုးနိုင်ခဲ့တာပါ။

ယူရိုပြိုင်ပွဲရဲ့အသက်အကြီးဆုံးဂိုးသွင်းသူများ

■ မိုဒရစ်(ခရိုအေးရှား) – (၃၈)နှစ်(၂၈၉)ရက်
■ ဗက်စ်တစ်(သြစတြီးယား) – (၃၈)နှစ်(၂၅၇)ရက်
■ ပန်ဒက်ဗ်(မ/မက်ဆီဒိုးနီးယား) – (၃၇)နှစ်(၃၂၁)ရက်
■ ဂီရာ(ဟန်ဂေရီ) – (၃၇)နှစ်(၆၁)ရက်
■ မက်အော်လေ(မ/အိုင်ယာလန်) – (၃၆)နှစ်(၁၉၄)ရက်

Leave a Reply

Your email address will not be published. Required fields are marked *