ချန်ပီယံရေပန်းစားနေတဲ့အသင်းတွေ နိုင်ပွဲနဲ့ စတင်ချိန်မှာ ဘရာဇီးလ်နိုင်ပွဲပျောက်ခဲ့တဲ့ ကိုပါအမေရိက အုပ်စုအဖွင့်ပွဲ

0

ကိုပါအမေရိကပြိုင်ပွဲက ဒီမနက်မှာ အုပ်စု(D)က ကိုလံဘီယာ-ပါရာဂွေး၊ ဘရာဇီးလ်-ကော်စတာရီကာပွဲတွေကစားခဲ့ပြီး အုပ်စု(၄)ခုက ပြိုင်ပွဲဝင်အသင်း(၁၆)သင်းစလုံး ပွဲဦးထွက်တစ်ပွဲစီကစားခဲ့ကြပြီးပါပြီ။

ဒီမနက်ကစားခဲ့တဲ့ပွဲမှာ နာမည်ကြီး ဘရာဇီးလ်အသင်း တစ်ဂိုးမှမသွင်းနိုင်ဘဲ ကော်စတာရီကာကို ဂိုးမရှိသရေကျတာက ထူးခြားမှုတစ်ခုဖြစ်ခဲ့ပါတယ်။

ကော်စတာရီကာအသင်းဘက်ကို ဂိုးကန်သွင်းမှု အကြိမ်(၂၀)လောက်ရှိခဲ့ပေမယ့် ဂိုးပေါက်(၃)ကြိမ်သာတည့်ပြီး တစ်ဂိုးမှ မရခဲ့တာက ဘရာဇီးလ်တိုက်စစ်မှူးတွေရဲ့အဆုံးသတ်ညံ့ဖျင်းမှုကို ပြနေပြီး နိုင်သင့်တဲ့ပွဲတစ်ပွဲကို အနိုင်မရခဲ့တာပါ။

ဒီပွဲမှာ ဘရာဇီးလ်ကွင်းလယ်တိုက်စစ်ကစားသမားအဖြစ် ကစားခဲ့တဲ့ ပါကယ်တာခြေစွမ်းပြခဲ့ပြီး ပယ်နယ်တီစည်းအပြင်ကနေ အပြင်းကန်သွင်းခဲ့တဲ့ သူ့ရဲ့ကန်ချက် တိုင်ထိထွက်ခဲ့တာကလည်း ဘရာဇီးလ်အသင်းအတွက် ဂိုးကံခေမှုတစ်ခုဖြစ်ခဲ့ပါတယ်။

အခြား ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့အသင်းတွေဖြစ်တဲ့ အာဂျင်တီးနား၊ ဥရုဂွေး၊ ကိုလံဘီယာတို့က အုပ်စုအဖွင့်ပွဲတွေမှာ နိုင်ပွဲတွေအသီးသီးရယူခဲ့ကြပြီး အနိုင်(၃)မှတ်နဲ့ ပြိုင်ပွဲကို စတင်နိုင်ချိန်မှာ ဘရာဇီးလ်ကတော့ ဂိုးမရှိ၊ နိုင်ပွဲမရှိ ရမှတ်(၁)မှတ်နဲ့ ပြိုင်ပွဲကို စတင်ဖွင့်လှစ်ခဲ့ရတာပါ။

ဒီမနက်ကစားခဲ့တဲ့ ကိုလံဘီယာ-ပါရာဂွေးပွဲမှာ ကိုလံဘီယာအသင်းက (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး နောက်ဆုံး(၂၄)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင်ကစားနိုင်ခဲ့တာပါ။ ကိုလံဘီယာအသင်းသမိုင်းတစ်လျှောက်မှာ ဒီလို (၂၄)ပွဲဆက် အရှုံးမရှိတာက အရှည်ကြာဆုံးစံချိန်တစ်ခုလည်း ဖြစ်ပါတယ်။

၂၀၂၄ ကိုပါအမေရိကအုပ်စုအဖွင့်ရလဒ်များ

Group (A)

Argentina (2 – 0) Canada
Peru (0 – 0) Chile

Group (B)

Ecuador (1 – 2) Venezuela
Mexico (1 – 0) Jamaica

Group (C)

United States (2 – 0) Bolivia
Uruguay (3 – 1) Panama

Group (D)

Colombia (2 – 1) Paraguay
Brazil (0 – 0) Costa Rica

Leave a Reply

Your email address will not be published. Required fields are marked *