ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် အမြန်ဆုံးဂိုး(၅)ဂိုးထဲမှာ (၃)ဂိုးအထိ မှတ်တမ်းဝင်နိုင်ခဲ့တဲ့ ယူရို-၂၀၂၄

0

ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အမြန်ဆုံးဂိုး(၅)ဂိုးထဲမှာ ယူရို-၂၀၂၄ ပြိုင်ပွဲက ဂိုး(၃)ဂိုးအထိ ပါဝင်နိုင်ခဲ့ပါတယ်။

ပြိုင်ပွဲသမိုင်းတစ်လျှောက် အမြန်ဆုံးဂိုးအဖြစ် အီတလီ(၂-၁)အယ်လ်ဘေးနီးယားပွဲမှာ အယ်လ်ဘေးနီးယားကစားသမားဘရာမီရဲ့သွင်းဂိုး(၂၃ စက္ကန့်)က စံချိန်တင်ခဲ့ပြီး ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်ဂိုးအားလုံးထဲမှာ တစ်မိနစ်မပြည့်ခင် သွင်းယူနိုင်တဲ့ တစ်ခုတည်းသော သွင်းဂိုးအဖြစ်လည်း စံချိန်မှတ်တမ်းတင်ခဲ့ပါတယ်။

အယ်လ်ဘေးနီးယားကစားသမားဘရာမီရဲ့သွင်းဂိုးအပြင် ဒီပြိုင်ပွဲရဲ့ နောက်ထပ်ဂိုး(၂)ဂိုးကလည်း ပြိုင်ပွဲသမိုင်းရဲ့အမြန်ဆုံးဂိုး(၅)ဂိုးထဲမှာ ပါဝင်ခဲ့တာပါ။

ဒီဂိုးတွေက ဘယ်လ်ဂျီယံ(၂-ဝ)ရိုမေးနီးယားပွဲမှာ ဘယ်လ်ဂျီယံကွင်းလယ်လူတိုင်လေမန်သွင်းယူခဲ့တဲ့ဂိုး (၁ မိနစ် ၁၃ စက္ကန့်)နဲ့ ဂျော်ဂျီယာ(၂-ဝ)ပေါ်တူဂီပွဲမှာ ဂျော်ဂျီယာတောင်ပံကစားသမား ကဗာရာစခယ်လီယာသွင်းယူခဲ့တဲ့ဂိုး(၁ မိနစ် ၃၂ စက္ကန့်)တို့ပဲ ဖြစ်ပါတယ်။

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အမြန်ဆုံးဂိုးထွက်ပေါ်ခဲ့သလို၊ ကမ္ဘာ့ဘောလုံးလောကမှာ အမြန်ဆုံးဂိုးအဖြစ် စံချိန်တင်ထားတဲ့ဂိုးကလည်း အခု ၂၀၂၄ ခုနှစ်မတ်လအတွင်းမှာ ထွက်ပေါ်ခဲ့ပါတယ်။

သြစတြီးယားအသင်းနဲ့ ဆလိုဗက်ကီးယားအသင်းတို့ကစားတဲ့ ခြေစမ်းပွဲမှာ သြစတြီးယားကွင်းလယ်လူ ဘမ်ဂါတာသွင်းယူခဲ့တဲ့ ဂိုးဟာ ပွဲစပြီး (၆)စက္ကန့်မှာ သွင်းခဲ့တာဖြစ်လို့ ဘောလုံးသမိုင်းတစ်လျှောက် အမြန်ဆုံးဂိုးအဖြစ် စံချိန်တင်ထားနိုင်ခဲ့တာပါ။

ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အမြန်ဆုံးဂိုး(၅)ဂိုး

■ ဘရာမီ (၂၃ စက္ကန့်) ယူရို – ၂၀၂၄
(အီတလီ ၂-၁ အယ်လ်ဘေးနီးယား)

■ ကီရီချန်ကို (၁ မိနစ် ၀၇ စက္ကန့်) ယူရို – ၂၀၀၄
(ရုရှား ၂-၁ ဂရိ)

■ တိုင်လေမန် (၁ မိနစ် ၁၃ စက္ကန့်) ယူရို – ၂၀၂၄
(ဘယ်လ်ဂျီယံ ၂-၀ ရိုမေးနီးယား)

■ ဖော်စ်ဘတ် (၁ မိနစ် ၂၂ စက္ကန့်) ယူရို – ၂၀၂၀
(ဆွီဒင် ၃-၂ ပိုလန်)

■ ကဗာရာစခယ်လီယာ (၁ မိနစ် ၃၂ စက္ကန့်) ယူရို – ၂၀၂၄
(ဂျော်ဂျီယာ ၂-၀ ပေါ်တူဂီ)

Leave a Reply

Your email address will not be published. Required fields are marked *