ဥရုဂွေး အသင်းမှာ ဆက်တိုက် ဂိုးတွေသွင်းနေပြီး နှစ်(၁၀၀)နီးပါးကြာ စံချိန်ကို လိုက်မှီခဲ့သူ နူနက်ဇ်

0

လီဗာပူးလ်အသင်းရဲ့ဥရုဂွေးတိုက်စစ်မှူးနူနက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီ လီဗာပူးလ်အသင်းရဲ့ဆုဖလားတွေလွဲချော်မှုမှာ သူ့ရဲ့ဂိုးအခွင့်အရေးဖြုန်းတီးမှုအပေါ် အပြစ်ဖို့စရာဖြစ်ခဲ့ပြီး ပရိသတ်တွေ၊ မီဒီယာတွေရဲ့ဖိအားဒဏ်ကို ခံခဲ့ရပါတယ်။

လီဗာပူးလ်အသင်းမှာ ဂိုးသွင်းခွင့်တွေဖြုန်းတီးသူအဖြစ် ဝေဖန်ခံနေရပေမယ့် နူနက်ဇ်က သူ့ရဲ့လက်ရွေးစင်အသင်းဖြစ်တဲ့ ဥရုဂွေးအသင်းအတွက်တော့ ခြေစွမ်းပြဂိုးတွေသွင်းနေပြီး နှစ်(၁၀၀)နီးပါးကြာမြင့်နေတဲ့ စံချိန်ဟောင်းတစ်ခုကိုလည်း လိုက်မီခဲ့ပါတယ်။

နူနက်ဇ်ဟာ လက်ရွေးစင်အသင်းအတွက် သူပါဝင်ကစားခဲ့တဲ့ နောက်ဆုံးနိုင်ငံတကာ(၇)ပွဲမှာ ဆက်တိုက်ဂိုးသွင်းထားပြီး သူသွင်းယူခဲ့တဲ့ဂိုးအရေအတွက်ဟာ (၁၀)ဂိုးအထိရှိနေပါတယ်။

နူနက်ဇ်အနေနဲ့ ကိုလံဘီယာအသင်းအတွက် ပွဲအများဆုံးဆက်တိုက်ဂိုးသွင်းနိုင်တဲ့ကစားသမားအဖြစ် စံချိန်တင်ထားတဲ့ ဂန္ထဝင်တိုက်စစ်မှူး ဟက်တာစကာရိုနီရဲ့စံချိန်(၇ ပွဲ)ကို လိုက်မီခဲ့တာလည်းဖြစ်ပါတယ်။

ဟက်တာစကာရိုနီဟာ လွန်ခဲ့တဲ့ (၉၆)နှစ်ဖြစ်တဲ့ ၁၉၂၇-၂၈ ခုနှစ်တွေမှာ နိုင်ငံတကာပွဲ(၇)ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး ဒီစံချိန်မှတ်တမ်းကို ဥရုဂွေးအသင်းက ဘယ်ကစားသမားမှ လိုက်မမီခဲ့ဘဲ အခု နူနက်ဇ်က ပထမဆုံးလိုက်မီခဲ့တာဖြစ်ပါတယ်။

လက်ရှိကျင်းပနေတဲ့ ၂၀၂၄ကိုပါအမေရိကပြိုင်ပွဲမှာနူနက်ဇ်ရဲ့ဥရုဂွေးအသင်းက တိုက်စစ်ခြေစွမ်းပြကာ အုပ်စုပွဲ(၂)ပွဲကို ဂိုးပြတ်အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်ရောက်ဖို့ သေချာသလောက်ရှိနေပါတယ်။

နူနက်ဇ်ရဲ့(၇)ပွဲဆက်တိုက်သွင်းဂိုးများ

■ ကိုလံဘီယာ (soccer)
■ ဘရာဇီးလ် (soccer)
■ အာဂျင်တီးနား (soccer)
■ ဘိုလစ်ဗီးယား (soccer)(soccer)
■ မက္ကဆီကို (soccer)(soccer)(soccer)
■ ပနားမား (soccer)
■ ဘိုလစ်ဗီးယား (soccer)

Leave a Reply

Your email address will not be published. Required fields are marked *