အင်္ဂလန်ကစားသမားတွေ ဖိအားဒဏ်တွေ လျော့ပါးစေဖို့ ဘီယာသောက်ခွင့်ပေးခဲ့တဲ့ နည်းးပြဆောက်ဂိတ်

0

အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းက ကစားသမားတွေကို ဖိအားလျော့ပါးစေဖို့ အတွက် ဘီယာသောက်ခွင့်ပေးခဲ့တယ်လို့ ဗြိတိန်သတင်းစာ Daily Star ကဖော်ပြခဲ့ပါတယ်။

ဆောက်ဂိတ်ဟာ ပုံမှန်အားဖြင့် ပြိုင်ပွဲကာလအတွင်း သူ့ကစားသမားတွေကို အရက်ဘီယာသောက်သုံးတာကို ခွင့်ပြုတတ်တဲ့နည်းပြမဟုတ်ပေမယ့် အခု ယူရို-၂၀၂၄ ပြိုင်ပွဲမှာတော့ အစဉ်မလာမဟုတ်တဲ့အရာကို ခွင့်ပြုပေးခဲ့တာပါ။

အင်္ဂလန်အသင်းအနေနဲ့ ယူရို-၂၀၂၄ အုပ်စုအဆင့်မှာ ရှုံးပွဲမရှိဘဲ အုပ်စုဗိုလ်အဖြစ် နောင်တစ်ဆင့်တက်လာပေမယ့် အသင်းရဲ့ခြေစွမ်းကို ပရိသတ်တွေနဲ့ ဘောလုံးဝေဖန်သူတွေက မကျေမနပ်ဖြစ်နေကြပြီး ဝေဖန်ပြောဆိုမှုတွေ မြင့်တက်နေပါတယ်။

အထူးသဖြင့် အသင်းခေါင်းဆောင်ဟာရီကိန်း၊ ဘယ်လင်ဂမ်၊ ဖိုဒန်၊ ဆာကာတို့ ဦးဆောင်တဲ့တိုက်စစ်ပိုင်းအားနည်းမှုအပေါ် ဝေဖန်မှုတွေများနေပြီး ကစားသမားတွေကြားမှာလည်း ဖိအားတွေကြောင့် စိတ်ဖိစီးမှုတွေ ရှိနေတဲ့အချိန်ပါ။

ဒါကြောင့် ဆောက်ဂိတ်က အုပ်စုပွဲတွေအပြီးမှာ ကစားသမားတွေကို စိတ်ပြေလက်ပျောက်ပျော်ရွှင်စေဖို့ ဘီယာသောက်ခွင့်ပြုခဲ့ပြီး အချို့သောကစားသမားတွေကတော့ သောက်သုံးခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

အင်္ဂလန်အသင်းကို အရင်နည်းပြဖူးတဲ့ အီတလီလူမျိုးနည်းပြကာပယ်လိုကတော့ ပြိုင်ပွဲကာလအတွင်းမှာ ကစားသမားတွေကို ပွဲဝေးတဲ့ရက်တွေမှာ ဘီယာသောက်ခွင့်ပေးတတ်တယ်လို့ သိရပါတယ်။

အင်္ဂလန်အသင်းဟာ Round of 16 ပွဲစဉ်အဖြစ် လာမယ့် ဇွန်(၃၀)ရက်နေ့မှာ ဆလိုဗက်ကီးယားအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *