ဖခင်ခြေရာနင်းပြီး ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ကစားနေတဲ့ ကစားသမားများ

0

ယူရို-၂၀၂၄ပြိုင်ပွဲမှာ အရင်ယူရိုပြိုင်ပွဲတွေတုန်းက ကစားဖူးတဲ့ကစားသမားတွေရဲ့ မျိုးဆက်ကစားသမား(၅)ယောက်အထိ ပါဝင်နေပါတယ်။

ဒီမျိုးဆက်သစ်ကစားသမားတွေက ဖခင်ဖြစ်သူရဲ့ခြေရာကိုနင်းပြီး နိုင်ငံ့ကိုယ်စားပြုလက်ရွေးစင်ကစားသမားဖြစ်လာတဲ့အပြင် ယူရိုပြိုင်ပွဲမှာ အဖေရောသားပါ ကစားဖူးတဲ့စံချိန်မှတ်တမ်းကို ရယူနိုင်ကြတာပါ။

ထူးခြားစွာပဲ ဒီကစားသမားတွေပါဝင်တဲ့ အသင်းအားလုံးက ဒီယူရိုပြိုင်ပွဲမှာ အုပ်စုအဆင့်ကို ကျော်လွန်ပြီး နောက်တစ်ဆင့် ဖြစ်တဲ့ Round of 16 ကို တက်ရောက်ခွင့်ရထားပါတယ်။

ဒီကစားသမားတွေရဲ့ဖခင်တွေထဲက တချို့က ယူရိုပြိုင်ပွဲမှာ ချန်ပီယံဆု ကိုင်မြှောက်နိုင်တဲ့အထိ အောင်မြင်ခဲ့ကြတာကြောင့် ဖခင်လိုမျိုး ယူရိုအောင်မြင်မှုရယူနိုင်မလားဆိုပြီး စောင့်ကြည့်ရမယ့် ကစားသမားတွေလည်း ရှိနေပါတယ်။

ထူးခြားစွာပဲ အဖေက ယူရိုအောင်မြင်မှုမရဖူးပေမယ့် သားဖြစ်သူက ယူရိုချန်ပီယံဆုရဖူးသူလည်း ပါဝင်နေပါတယ်။

ဒါကြောင့် ဖခင်ခြေရာနင်းပြီး ယူရိုပြိုင်ပွဲမှာ ပါဝင်ခွင့်ရနေတဲ့ ကစားသမား(၅)ဦးကို ဖော်ပြလိုက်ပါတယ်။

■ ပေါ်တူဂီလက်ရွေးစင်အသင်းရဲ့လူငယ်တိုက်စစ်မှူးဖရန်ဆစ်စကိုကွန်ဆီကာအို(၂၁ နှစ်)က ပေါ်တူဂီကစားသမားဟောင်း ဆာဂျီယိုကွန်ဆီကာအိုရဲ့သားဖြစ်ပါတယ်။ ဖခင်ကွန်ဆီကာအိုက ယူရို ချန်ပီယံဆုမရဖူးပေမယ့် ယူရို ၂၀၀၀ မှာ ဆီမီးဖိုင်နယ် အထိရောက်ခဲ့ဖူးပါတယ်။

■ အီတလီလက်ရွေးစင်အသင်းရဲ့တိုက်စစ်မှူးဖက်ဒရီကို ချီယေဆာက (၂၆ နှစ်)က အီတလီတိုက်စစ်မှူးဟောင်း အန်ရီကို ချီယေဆာရဲ့သားဖြစ်ပါတယ်။ ဒီသားအဖက ထူးခြားပါတယ်။ အဖေက ယူရိုချန်ပီယံဆုမရဖူးပေမယ့် သားဖြစ်သူက ယူရို ၂၀၂၀ မှာ အီတလီအသင်းနဲ့အတူချန်ပီယံဖြစ်ခဲ့ဖူးပါတယ်။

■ ပြင်သစ်လက်ရွေးစင်အသင်းရဲ့တိုက်စစ်မှူးမားကပ်စ်သူရမ်က (၂၆ နှစ်)က ပြင်သစ်နောက်ခံလူဟောင်း လီလီယန်သူရမ်ရဲ့သားဖြစ်ပါတယ်။ အဖေဖြစ်သူက ယူရို ၂၀၀၀ ချန်ပီယံဆုကို ကိုင်မြှောက်ဖူးပြီး သားဖြစ်သူက အဖေလို ကိုင်မြှောက်နိုင်ဖို့ ကြိုးစားရမှာပါ။

■ ရိုမေးနီးယားလက်ရွေးစင်အသင်းရဲ့တောင်ပံကစားသမားအီယန်နစ်ဟာဂီ (၂၅ နှစ်)က ရိုမေးနီးယားကွင်းလယ်လူဟောင်း ဂျော်ဂျီဟာဂီရဲ့သားဖြစ်ပါတယ်။ ရိုမေးနီးယားအသင်းဖြစ်နေတာကြောင့် အဖေရောသားပါ လက်ရွေးစင်အသင်းနဲ့
အောင်မြင်မှုနဲ့ ဝေးပါတယ်။

■ ဒိန်းမတ်လက်ရွေးစင်အသင်းရဲ့ ဂိုးသမားကက်စပါရှမိုက်ကယ် (၃၇ နှစ်)က ဒိန်းမတ်ဂိုးသမားဟောင်း ပီတာရှမိုက်ကယ်ရဲ့သားဖြစ်ပါတယ်။ ဖခင် ပီတာရှမိုက်ကယ်က ဒိန်းမတ်အသင်းမမျှော်လင့်ဘဲ ဗိုလ်စွဲခဲ့တဲ့ ယူရို ၁၉၉၂ အသင်းမှာ လက်စွမ်းပြခဲ့သူပါ။

Leave a Reply

Your email address will not be published. Required fields are marked *