ဇူလိုင် ၅ ရက်နေ့အတွက် အကြိုက်ဆုံးပွဲကြိုတင်ရင်ခုန်သံ

0

ကိုပါအမေရိက ကွာတားဖိုင်နယ်

အာဂျင်တီးနား – အီကွေဒေါ
(5 July 2024 / 7:30 am)

အာဂျင်တီးနားက အခြားအသင်းတွေထက် ခေါင်းတစ်လုံးမကမြင့်တဲ့အနေအထားမှာ ရှိနေပြီး မက်ဆီမပါရင်တောင် အသင်းက ဘယ်ပြိုင်ဘက်ကိုမဆို မှုစရာမလိုတဲ့ကစားသမားအင်အားကိုပိုင်ဆိုင်ထားတယ်။ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲမှာ ပွဲတိုင်းကို Clean Sheet နဲ့အနိုင်ရထားပြီး နောက်ဆုံးကစားခဲ့တဲ့ (၈)ပွဲမှာ ပေးဂိုး(၂)ဂိုးပဲရှိတယ်။ အီကွေဒေါကလည်း ခြေစွမ်းသိပ်မနိမ့်တဲ့ အသင်းမျိုးဖြစ်ပြီး ကိုပါအမေရိကပြိုင်ပွဲမတိုင်ခင် နောက်ဆုံးတစ်နှစ်အတွင်းကစားခဲ့တဲ့ပွဲတွေမှာ (၃)ပွဲပဲ ရှုံးထားတယ်။ ဒီ(၃)ပွဲထဲမှာ အာဂျင်တီးနားကို (၁-ဝ)နဲ့ရှုံးတာ (၂)ပွဲပါခဲ့တယ်။ အဲဗာတန်ကစားသမားဟောင်း အန်နာဗလင်စီယာ၊ ချယ်လ်ဆီးကွင်းလယ်လူ ကိုင်စီဒိုတို့ ကစားနေတဲ့ အီကွေဒေါအသင်းက အဆိပ်ရှိတဲ့အသင်းတစ်သင်းဖြစ်ပေမယ့် အာဂျင်တီးနားကို ကျော်ဖြတ်ဖို့လုံလောက်တဲ့အင်အားမရှိပါဘူး။ အာဂျင်တီးနားအနိုင်(၁-ဝ)(၂-ဝ)ရလဒ်တွေကိုအကြိုက်တွေ့မိတယ်။

Leave a Reply

Your email address will not be published. Required fields are marked *