ယူရို-၂၀၂၄ ဗိုလ်စွဲဖို့ ဖြစ်နိုင်ခြေအများဆုံးအသင်း စာရင်းမှာ အင်္ဂလန်ကို ကျော်ပြီး ထိပ်ဆုံးရောက်လာတဲ့ စပိန်

0

ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်နိုင်ခြေအရှိဆုံးအသင်းအဖြစ် ပြိုင်ပွဲမတိုင်မီမှာရော၊ ပြိုင်ပွဲကာလအတွင်းမှာပါ အင်္ဂလန်အသင်းက ဆက်တိုက်ဦးဆောင်နိုင်ခဲ့ပေမယ့် ကွာတားဖိုင်နယ်ပွဲတွေမကစားမီ Opta ရဲ့နောက်ဆုံးတွက်ချက်မှုမှာတော့ အပြောင်းအလဲဖြစ်လာပါတယ်။

ဘောလုံးအချက်အလက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Opta ရဲ့နောက်ဆုံးတွက်ချက်ထုတ်ပြန်မှုအရ စပိန်အသင်းက အရင်ရေပန်းစားခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ရှေ့ကို ရောက်လာခဲ့တာပါ။

Opta ရဲ့စူပါကွန်ပြူတာတွက်ချက်မှုလို့ လူသိများကြတဲ့ Opta Analyst Prediction Index ရဲ့ဖော်ပြချက်အရ စပိန်အသင်းရဲ့ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းက (၁၉.၄၈%)ရှိနေပါတယ်။

အင်္ဂလန်အသင်းက စပိန်ရဲ့နောက်မှာ (ဝ.၅၀%)လျော့ပြီး (၁၈.၉၈%)နဲ့ရှိနေတာဖြစ်ပါတယ်။

နောက်မှာ ပြင်သစ်၊ ဂျာမနီအစရှိတဲ့အသင်းတွေရှိနေပြီး ဒီအသင်း(၄)သင်းရဲ့ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းက ကြီးကြီးမားမားမကွာဟတာကိုလည်း တွေ့ရပါတယ်။

(၄)သင်းကြားအမြင့်ဆုံးကွာဟချက်က (၂.၃၃ %)သာ ရှိနေတာပါ။ ဒါပေမယ့် ဒီ(၄)သင်းနဲ့ ကျန်ကွာတားဖိုင်နယ်ရောက်(၄)သင်းရဲ့ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းတွေက အတော်ကို ကွာခြားနေပါတယ်။ အဆင့်(၄)နေရာက အိမ်ရှင်ဂျာမနီနဲ့ အဆင့်(၅)နေရာက နယ်သာလန်အသင်းတွေအကြား ကွာဟချက်က (၇.၁၇ %)အထိ ရှိနေတာပါ။

Opta က စပိန်ကို ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းအများဆုံးပေးထားပေမယ့် ဘွတ်ကီဒိုင်အများစုကတော့ အင်္ဂလန်အသင်းကို အလေးပေးချက်အများဆုံး ပေးထားဆဲဖြစ်ပါတယ်။

Opta Analyst prediction index ရဲ့
ယူရို(၂၀၂၄) ချန်ပီယံဖြစ်နိုင်ခြေရာခိုင်နှုန်းများ

■ စပိန် – ၁၉.၄၈%
■ အင်္ဂလန် – ၁၈.၉၈%
■ ပြင်သစ် – ၁၈.၁၈%
■ ဂျာမနီ – ၁၇.၁၅%
■ နယ်သာလန် – ၉.၉၈%
■ ပေါ်တူဂီ – ၇.၆၄%
■ ဆွစ်ဇာလန် – ၅.၁၀%
■ တူရကီ – ၃.၄၉%

Leave a Reply

Your email address will not be published. Required fields are marked *