မက်ဆီ ပယ်နယ်တီလွဲခဲ့ပေမယ့် ကိုပါအမေရိကဆီမီးဖိုင်နယ်တက်တဲ့ အာဂျင်တီးနား

0

အာဂျင်တီးနား(၁-၁)အီကွေဒေါ
(ပယ်နယ်တီ ၄-၂နဲ့ အာဂျင်တီးနားနိုင်)

ကိုပါအမေရိက ကွာတားဖိုင်နယ်

ကိုပါအမေရိက ကွာတားဖိုင်နယ် ပထမဆုံးပွဲမှာ ချန်ပီယံအာဂျင်တီးနားက အီကွေဒေါအသင်းကို နောက်ကျချေပဂိုးပြန်ပေးခဲ့ရတာကြောင့် ပုံမှန်ပွဲချိန်အတွင်း (၁-၁)ဂိုးနဲ့ သရေကျခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်ကန်ခဲ့ရပါတယ်။

ပယ်နယ်တီမှာ မက်ဆီက ပထမဆုံးကန်တဲ့အလုံးကို မဝင်ခဲ့ပေမယ့် ကျန်တဲ့ ပယ်နယ်တီတွေမှာ သူ့အသင်းဖော်တွေက အမှားမရှိခဲ့တဲ့အပြင် ဂိုးသမားမာတီနက်ဇ် လက်စွမ်းပြခဲ့တာကြောင့် ပယ်နယ်တီ (၄-၂)ဂိုးနဲ့ အာဂျင်တီးနားအသင်းက အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ခွင့်ရခဲ့ပါတယ်။

ဒီပွဲမှာ အီကွေဒေါအသင်းက စုစည်းမှုကောင်းကောင်းနဲ့ ခြေစွမ်းပြပြီး တုံ့ပြန်ကစားခဲ့တာကြောင့် အာဂျင်တီးနားအသင်းအတွက် ခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့ရပါတယ်။

အီကွေဒေါက အပြန်အလှန်ထိုးဖောက်ကစားခဲ့ပြီး အာဂျင်တီးနားအသင်း သိသိသာသာလွှမ်းမိုးမကစားနိုင်တဲ့အပြင် အီကွေဒေါတိုက်စစ်မှူးတွေဆီက ဂိုးပေါက်ခြိမ်းခြောက်မှုတွေကိုတောင် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရပါတယ်။

ကိုပါအမေရိကပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းအတွက် ဂိုးတွေတောက်လျှောက်သွင်းပေးနေတဲ့ တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်က ပွဲချိန် (၃၅) မိနစ်မှာ မက်အလစ္စတာ ဖန်တီးပေးပို့တဲ့ဘောလုံးကို သွင်းယူခဲ့ပြီး အာဂျင်တီးနားက ပွဲပြီးခါနီးအထိ ဦးဆောင်ခဲ့ပါတယ်။

ပွဲပြီးခါနီး ထပ်​ဆောင်းအချိန်ပို (၉၀+၁)မိနစ်မှ လူစားဝင်တိုက်စစ်မှူး ရိုဒရီဂွက်ဇ်က အီကွေဒေါအတွက် ချေပဂိုးသွင်းခဲ့လို့ ပွဲအပြီးမှာ သရေကျခဲ့တာပါ။

ပယ်နယ်တီမှာ ပထမဆုံး ပယ်နယ်တီကို မက်ဆီ မဝင်ခဲ့သလို အီကွေဒေါဘက်က ပထမဆုံး(၂)လုံးကို မီနာနဲ့ မင်ဒါတို့ လွဲချော်ခဲ့ကြတာကြောင့် အီကွေဒေါအသင်း ကံဆိုးသွားခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *